အိန္ဒိယနိုင်ငံ၌စာသင်ကျောင်းအဆောက်အဦ ပြိုကျမှုကြောင့် လူ ၄ ဦး သေဆုံး၊၂၀ နီးပါး ဒဏ်ရာရရှိ
ဇူလိုင် ၂၅
အိန္ဒိယနိုင်ငံအနောက်ပိုင်းရာဂျက်စ်သန်ပြည်နယ်တွင် ယနေ့မနက်ပိုင်းက အစိုးရစာသင်ကျောင်း အစိတ်အပိုင်း ပြိုကျမှုဖြစ်ပွားပြီးနောက် ကလေးလေးဦးထက်မနည်းသေဆုံးပြီး အခြား ၂၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
စာသင်ကျောင်းပြိုကျအပျက်အစီးများအောက်မှ ကလေးငယ် သုံးဆယ့်နှစ်ဦးကို ဆွဲထုတ် ကယ်ဆယ်ခဲ့ရသည်ဟု သိရသည်။
အဆိုပါပြိုကျမှုသည် ရာဂျက်စ်သန်ပြည်နယ် ဂျေဟာလာဝါခရိုင် မာနိုဟာတာနာဒေသရှိ ပိပလော့ဒီအစိုးရစာသင်ကျောင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ မတော်တဆမှုမှာ ဒေသစံတော်ချိန် နံနက် ၈း၃၀ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျောင်းဝင်းအတွင်း ဆရာများနှင့် ဝန်ထမ်းအချို့မှလွဲ၍ ကလေးငယ် ၄၀ ကျော်ရှိကြောင်း သိရသည်။
ထိုမတော်တဆမှုသည် မနက် ၈ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျောင်းဝန်ထမ်းများနှင့် ဆရာများအပြင် ကလေးငယ် ၄၀ ကျော်ရှိသည်ဟု ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
No comments