နိုင်ဂျီးရီးယားနိုင်ငံ၌ ယာဉ်မတော်တဆဖြစ်ပွားမှုကြောင့် ၂၁ ဦး သေဆုံး၊ သုံးဦးထိခိုက်ဒဏ်ရာရ
ဇူလိုင် ၇
နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်း
ကာနိုပြည်နယ်တွင် ယမန်နေ့က ထရပ်ကားတစ်စီးနှင့် ဘတ်စ်ကားတစ်စီးတို့ ခေါင်းချင်းဆိုင်တိုက်မိပြီး
မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သဖြင့် ၂၁ ဦး ထက်မနည်းသေဆုံးပြီး အခြားသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း
ဖော်ပြထားသည်။
အဆိုပါမတော်တဆမှုသည်
ကာဆုဝါဒိုဂိုဒေသရှိ ဇာရီရာ-ကာနိုအဝေးပြေးလမ်းမတစ်လျှောက်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဘတ်စ်ကားယာဉ်မောင်း၏ လမ်းကြောင်းချိုးဖောက် မောင်းနှင်မှုကြောင့်ဖြစ်သည်ဟု ကာနိုပြည်နယ်လမ်းအန္တရာယ်
ကင်းရှင်းရေးအဖွဲ့၏အကြီးအကဲက ပြောသည်။
ထိုယာဉ်တိုက်မှုကြောင့်
ယာဉ်နှစ်စီးစလုံးမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာရရှိသူများကို အစိုးရဆေးရုံသို့
ပို့ဆောင်ပေးခဲ့သည်ဟု ၎င်းကဆိုသည်။
နိုင်ဂျီးရီးယားနိုင်ငံတွင်
ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိရာ အရှိန်လွန်မောင်းနှင်ခြင်း၊ လမ်းအခြေအနေဆိုးရွားခြင်းနှင့်
ယာဉ်မဆင်မခြင်မောင်းနှင်ခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
No comments