အလုပ်သမားဝန်ကြီးဌာန ၂၀၂၅ ခုနှစ် မိုးရာသီ ငါးမျိုးစိုက်ထည့်ပွဲအခမ်းအနား ကျင်းပ
နေပြည်တော် ဇူလိုင် ၂၃
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်
အခြေခံကောင်းများကို အသုံးချ၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့်
နိုင်ငံ့စီးပွားရေးတိုးတက် လာစေရန်ရည်ရွယ်၍ အလုပ်သမားဝန်ကြီးဌာနမှ ၂၀၂၅ ခုနှစ် မိုးရာသီ
ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန ယာယီဝန်ထမ်းအိမ်ရာအနီး
မင်္ဂလာကန်၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊
ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး ငါးမြစ်ချင်းငါးသားပေါက်
ကောင်ရေ ၂၀၀၀၀ ကျော် စိုက်ထည့်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments