ဂျပန်နိုင်ငံတစ်ဝန်း အပူချိန်မြင့်မားမှုသတိပေးချက်ထုတ်ပြန်
ဇူလိုင် ၂၅
ဂျပန်နိုင်ငံတစ်ဝန်းတွင်
ဇူလိုင် ၂၅ ရက်နေ့အထိ အပူချိန်ဆက်လက်မြင့်မားနေမည်ဟု ယူဆရသည်။ အပူဒဏ်ကို ကာကွယ်သည့်
စီမံချက်များပြုလုပ်ထားရန် ပြည်သူများအား အကြံပြုပြောကြားထားသည်။
နိုင်ငံမြောက်ပိုင်း ဟော့ကိုင်းဒိုးခရိုင်၊
အရှေ့ပိုင်း တိုချီဂီ၊ ဂန်မာ၊ စိုင်တာမာနှင့် တိုကျိုခရိုင်များနှင့် အနောက်ပိုင်း
ဟီရိုရှီးမားနှင့် နာဂါစာကီခရိုင်တို့အပါအဝင် နိုင်ငံတစ်ဝန်း အပူချိန်မြင့်မားမှုသတိပေးချက်များ
ထုတ်ပြန်ထားသည်ဟု သိရသည်။
လက်တစ်လောအပူချိန်မြင့်မားမှုသည်
အသက်အန္တရာယ်ကို ခြိမ်းခြောက်နေသည်ဟု ဂျပန်မိုးလေဝသအေဂျင်စီက ပြောကြားသည်။ နိုင်ငံတစ်ဝန်း
လေဖိအားမြင့်သောစနစ်ကြောင့် အပူလှိုင်းဖြတ်ခြင်းဖြစ်သည်ဟု
တာဝန်ရှိသူများက ဆိုသည်။
နေ့အပူချိန်များသည် ယိုဂိုခရိုင်၊
တိုယိုကာမြို့တွင် ၃၉ ဒီဂရီစင်တီဂရိတ်၊ မစ်ဇူရူ၊ ကျိုတို၊ ကူမာဂါယာ၊ မီဘာရှီ၊ ဖူကူရှီးမားမြို့များနှင့်အီချီနိုစီကီမြို့၊
အီဝါတီခရိုင်တို့တွင် ၃၈ ဒီဂရီစင်တီဂရိတ်အထိမြင့်မားနိုင်ကြောင်း ဖော်ပြထားသည်။
ကိုဖူ၊ ဖူကူအီနှင့်
Tottori မြို့များတွင် အပူချိန် ၃၇ ဒီဂရီစင်တီဂရိတ်၊ စာစီဘို၊ ပါမာဂူချီနှင့် တာကာမတ်ဆုမြို့များတွင်
၃၆ ဒီဂရီစင်တီဂရိတ်နှင့် ဖူကူအိုကာ၊ နာဂိုရာမြို့များနှင့် တိုကျိုအလယ်ပိုင်းတွင် အပူချိန်
၃၅ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်နိုင်သည်ဟု သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို
No comments