ဂွေးသီးစိုက်ပျိုးခြင်းဖြင့် တောင်သူများ အပိုဝင်ငွေရရှိ
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်အတွင်းရှိ
ကျေးရွာများသည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ
တစ်နှစ်ပတ်လုံးထွက်ရှိပြီး နှစ်ရှည်သီးနှံ တစ်မျိုးဖြစ်သော ဂွေးသီးကို လယ်ယာဥယျာဉ်ခြံမြေများတွင်
မိသားစုအပိုဝင်ငွေ ရရှိရန်အတွက် စိုက်ပျိုးကြကြောင်း သိရသည်။
ဂွေးသီးကို ရာသီမရွေးစိုက်ပျိုးနိုင်ပြီး
ဈေးကွက်ဝယ်လိုအားကောင်းကြောင်း၊ ဂွေးသီးကို အစိုဓာတ် ကောင်းမွန်သော မိုးဦးကျကာလများတွင်
စိုက်ပျိုးပြီး တစ်နှစ်ခန့်အကြာတွင် အသီးများခူးဆွတ်ရ ကြောင်း၊ တစ်နှစ်ပတ်လုံးသီးသော
ထွက်တိုးဂွေးပင်(ပျိုးပင်)မျိုးများကို ဝယ်ယူ စိုက်ပျိုးကြပြီး တစ်ဧကလျှင် အပင်ရေ ၅၀-၆၀
ခန့် ဝင်ဆံ့စိုက်ပျိုးရ ကြောင်း၊ မျိုး၊ သွင်းအားစု၊ မြေပြုပြင်ခ၊ လုပ်သားခအပါအဝင်
တစ်ဧက လျှင် စုစုပေါင်းငွေကျပ် ရှစ်သိန်းကျော်ခန့် ကုန်ကျကြောင်း၊ တစ်ဧက လျှင် တစ်နှစ်အတွက်
ဂွေးသီးပျမ်းမျှအလုံးရေ စုစုပေါင်း ၄၀၀၀၀-၅၀၀၀၀ ခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့်
ကုန်စိမ်းပွဲစားများနှင့် အချဉ်ပေါင်းရောင်းချသူများက စိုက်ခင်းသို့ လာရောက် ဝယ်ယူကြကြောင်း၊
အောင်မြင်ဖြစ်ထွန်းမှုနှင့် ရာသီချိန်အပေါ်မူတည်၍ အထွက် နှုန်းများ ကွာခြားမှု ရှိကြောင်း၊
ဂွေးသီးသည် နှစ်ရှည်ပင်ဖြစ်သည့်အတွက် တစ်နှစ်ပတ်လုံးဝင်ငွေရရှိပြီး အကျိုးအမြတ်များ
ရရှိကာ မိသားစုအပို ဝင်ငွေရရှိကြောင်း ဂွေးသီးစိုက်တောင်သူတစ်ဦးထံမှ သိရသည်။
DOCA (မန္တလေး)
No comments