တောင်ကိုရီးယားနိုင်ငံ၏ ကလေးမွေးဖွားမှုနှုန်း ၁၁ လဆက်တိုက် မြင့်တက်
ဆိုးလ် ဇူလိုင် ၂၃
တောင်ကိုရီးယားနိုင်ငံ၌ လက်ထပ်မှုနှုန်းမြင့်လာသည့်အတွက်
ကလေးမွေးဖွားမှုနှုန်းမှာလည်း ၁၁ လ ဆက်တိုက်
မြင့်တက်ကြောင်း စာရင်းအင်းရုံးက ဇူလိုင် ၂၃ ရက်တွင် ဖော်ပြထားသည်။
ကလေးမွေးဖွားမှုနှုန်းမှာ
မေလအတွင်း ၃ ဒသမ ၈ ရာခိုင်နှုန်းတိုးလာပြီး
ယမန်နှစ် ဇူလိုင်လမှ စတင်၍ ကလေးမွေးဖွားမှုနှုန်း ဆက်တိုက်မြင့်တက်လာခြင်းဖြစ်ကြောင်း စာရင်းအင်းရုံး
အချက် အလက်များအရ သိရသည်။ လက်ထပ်သည့် စုံတွဲဦးရေမှာလည်း မေလအတွင်း ၄ ဒသမ ၀ တိုးလာ ပြီး
ကွာရှင်းသည့် ဦးရေမှာ ၆ ဒသမ ၄ ရာခိုင်နှုန်း
လျော့နည်းသွားသည်ဟု သိရသည်။
အိမ်ရာဈေးကြီးမြင့်ခြင်းနှင့် အလုပ်လက်မဲ့ဖြစ်ခြင်း အစရှိသည့် စီးပွားရေးအခက်အခဲများကြောင့် ကလေးမွေးဖွားရန်အချိန်နှောင့်နှေးခြင်း သို့မဟုတ်
လက်လျှော့လာကြသည့် မျိုးဆက်သစ်လူငယ် များမှာ
စိုးရိမ်ပူပန်မှုများရှိနေဆဲဖြစ်သည်။
မေလအတွင်း သေဆုံးမှုနှုန်းမှာ
ယမန်နှစ် မေလနှင့်နှိုင်းယှဉ်လျှင် ကွာခြားချက်
သိသိသာသာမရှိပေ။ သေဆုံးမှုမြင့်မားခြင်းနှင့် ကလေးမွေးဖွားမှုနည်းပါးခြင်းတို့ကြောင့်
လူဦးရေကျဆင်းမှုဖြစ်ပေါ် စေသည်။
ဆင်ဟွာ

No comments