ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်တို့ တွေ့ဆုံဆွေးနွေး
နေပြည်တော် ဇူလိုင် ၉
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်
မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်တို့သည် ယမန်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး
(နေပြည်တော်) ၌ တွေ့ဆုံကြရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို၊ အဖွဲ့ဝင်ဦးခင်မောင်ဦး၊
အတွင်းရေးမှူး ဦးရဲရင့်လွင်၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ
ဦးပေါ်လွင်စိန်နှင့်အဖွဲ့ဝင် ဦးတင်အောင်၊ ဦးဝင်းလှိုင်ဦး (ခ) ကုန်ဇမှုန်းတို့ တက်ရောက်ကြသည်။
ဝိုင်းဝန်းဆောင်ရွက်
တွေ့ဆုံစဉ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်ဥက္ကဋ္ဌတို့က ကျင်းပပြုလုပ်ရန်ရှိသော
ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိစေရန်၊ ပါဝင်ထိုက်သူများပါဝင်သော
ရွေးကောက်ပွဲဖြစ်စေရန်၊ ဥပဒေနှင့်ညီညွတ်ပြီး သတ်မှတ်သောစံနှုန်းများ ကိုက်ညီစေရန် ဝိုင်းဝန်းဆောင်ရွက်ကြရမည်
ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကာလ၊ ရွေးကောက်ပွဲအလွန်ကာလ သုံးခုလုံး၌
ဆောင်ရွက်သင့်သည့် ကိစ္စရပ်များ၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးဆိုင်ရာ ကိစ္စရပ်များ၊
ကိုယ်ဝန်ဆောင်များအပါအဝင် မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများ မဲပေးနိုင်ရေး ကိစ္စများ၊
ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပညာပေးမှုကိစ္စများ၊ မြန်မာ electronic မဲပေးစက်များ
(MEVM) ဖြင့် လက်တွေ့သရုပ်ပြဆောင်ရွက်ခြင်းကိစ္စများ စသည့်ဆောင်ရွက်ချက် များနှင့်စပ်လျဉ်း၍
ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
No comments