လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးသင့်ဝန်ထမ်းများအတွက် မြန်မာအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များ အသင်းက အလှူငွေ၊ ဆိုလာမီးအိမ်နှင့်ဆေးဝါးများ ပေးအပ်လှူဒါန်း
နေပြည်တော် ဇူလိုင် ၉
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
ဘေးသင့်ဝန်ထမ်းများ အတွက် မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်းက အလှူငွေ၊
ဆိုလာမီးအိမ်နှင့် ဆေးဝါးများပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့်
ထိခိုက်ခံစားခဲ့ရသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ
ဘေးသင့်ဝန်ထမ်းများ ယာယီနေထိုင်ရန် တပ်ဆင်ထားသော Container House များတွင် အသုံးပြုနိုင်ရန်အတွက်
မြန်မာအမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များ အသင်းက ငွေကျပ် ၁၂၃၀၀၀၀ဝ၊ ဆိုလာမီးအိမ်
၁၂၃ ခုနှင့် မှန်ချိုအကြောပြေလိမ်းဆေးများကို ယမန်နေ့က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက
လက်ခံရယူပြီးကျေးဇူးတင်စကား ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း
သိရသည်။
သတင်းစဉ်
No comments