လာအိုနိုင်ငံ၌ ယခုနှစ် ပထမနှစ်ဝက်အတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားမှု သိသိသာသာကျဆင်း



ဗီယင်ကျန်း   ဇူလိုင်  

လာအိုနိုင်ငံ၌    ယခုနှစ်   ပထမနှစ်ဝက်အတွင်း   သွေးလွန်တုပ်ကွေးဖြစ်ပွားသူ   ၂၆၁၄  ဦးရှိပြီး ယမန်နှစ် အလားတူကာလက  သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၅၁၉၂ ဦးနှင့် နှိုင်းယှဉ်ပါက သိသိ သာသာ ကျဆင်းလာသည်။

ထို့အပြင်   ယခုနှစ်   ပထမနှစ်ဝက်အတွင်း  လာအိုနိုင်ငံ၌ သွေးလွန်တုပ်ကွေးနှင့် ဆက်နွှယ်သော သေဆုံးမှုမရှိသေးကြောင်း၊ ယမန်နှစ် အလားတူကာလတွင် သွေးလွန်တုပ်ကွေးကြောင့် သုံးဦး သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။ လာအိုကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်နှင့် ပညာရေးစင်တာ၏ ထုတ်ပြန်ချက်အရ သွေးလွန်တုပ်ကွေးဖြစ်ပွားမှု အများဆုံးမှာ နိုင်ငံ၏ မြို့တော် ဗီယင်ကျန်းမှဖြစ်ပြီး ၁၄၉၅  ဦး ရှိကြောင်း၊ ယင်းနောက် အူဒွမ်ဆိုင်း ပြည်နယ်တွင် ၃၃၈ ဦးနှင့် လွမ်နမ်ထားပြည်နယ်တွင်   ၂၃၆  ဦးဖြင့် အများဆုံးဖြစ်ကြောင်း     သိရ သည်။

ဆင်ဟွာ

No comments

Powered by Blogger.