ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)၌ စက်ရုံလုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
နေပြည်တော် ဇူလိုင် ၇
စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည်
ဇူလိုင် ၅ ရက်က ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)၌ လေသန့်စင်အလုပ်ရုံလည်ပတ်နိုင်ရေးအတွက်
ပြည်ပကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်နေမှုနှင့် စီမံကိန်းလုပ်ငန်းများ
ဘဏ္ဍာရေးနှစ် အလိုက် ဆောင်ရွက်ပြီးစီးမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး
လက်တွေ့ဆောင်ရွက် နေသည့်လုပ်ငန်းများကို သတ်မှတ်ထားသည့် အချိန်ဇယားအတိုင်း ပြီးစီးအောင်ဆောင်ရွက်ရန်
ဆွေးနွေးမှာကြားသည်။
ဇူလိုင် ၆ ရက် နံနက်ပိုင်းကလည်း ဒုတိယဝန်ကြီးသည် ထုံးနှင့်ဒိုလိုမိုက်ထုတ်လုပ်ရေး
အလုပ်ရုံနှင့် Air Compressor အလုပ်ရုံတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုက်နာဆောင်ရွက်ရန်
လိုအပ်သည့် လုပ်ငန်းပိုင်းဆိုင်ရာများကို မှာကြားကာ လေသန့်စင်အလုပ်ရုံ၌ ပြည်ပကျွမ်းကျင်ပညာရှင်များနှင့်
တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ပထမအဆင့်ဆောင်ရွက်ရမည့်လုပ်ငန်းများ
အောင်မြင်ပြီးမြောက် စေရေးအတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အား၊ ရေနှင့် Compressor
Oil တို့ ပြည့်စုံစွာ ရောက်ရှိနိုင်မည့်အခြေအနေ၊ ပိုက်လိုင်းများအတွင်း အညစ်အကြေးများ
ဖယ်ရှားခြင်းလုပ်ငန်း ဆောင်ရွက်ရန် လိုအပ်မှု၊ သံရည်ကျိုမီးဖို အဆင်သင့်မဖြစ်မီ နိုက်ထရိုဂျင်ဓာတ်ငွေ့ဖြင့်
ဆောင်ရွက်ရန် လိုအပ်မှု၊ ၁၁ ကေဗွီ ဓာတ်အားလိုင်းအသုံးပြုနိုင်ရေးအတွက် လိုအပ်ချက်များ
ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့မှုအခြေအနေတို့ နှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးပြီး အလုပ်ရုံအတွင်း
လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments