ဒုတိယဝန်ကြီး ဦးမြင့်စိုး တပ်ကုန်းမြို့နယ် မန်ကျည်းပင်နှင့် ညောင်ပင်သာကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
နေပြည်တော် ဇူလိုင် ၂၇
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင်
တပ်ကုန်းမြို့နယ် မန်ကျည်းပင်ကျေးရွာနှင့် ညောင်ပင်သာကျေးရွာများသို့ သွားရောက်၍ တိုးတက်ခိုင်မာ
အားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီ၏ အစီအစဉ်အရ ပြန်လည်ထူထောင်ရေးနှင့်
ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးစီမံချက်ပါလုပ်ငန်းများ စတင်အကောင်အထည်ဖော်နေမှုကို ကွင်းဆင်းကြည့်ရှုသည်။
ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စိုက်ပျိုးရေးဦးစီးဌာနက
မန်ကျည်းပင်ကျေးရွာအုပ်စု ဒေသခံတောင်သူများအား ဖွင့်လှစ်သင်ကြားပေးနေသည့် ရေကြီးနစ်မြုပ်မှုကြောင့်
သဲ၊ နုန်း ဖုံးလွှမ်း သွားသည့်နေရာများမှ မြေနမူနာများ ဓာတ်ခွဲစစ်ဆေးတွေ့ရှိချက်အရ
၂၀၂၅-၂၀၂၆ ခုနှစ်တွင် သီးနှံများ ပြန်လည်စိုက်ပျိုးနိုင်စေရေးအတွက် ဆောင်ရွက်ရမည့်နည်းလမ်းများ
ပညာပေးသင်တန်းကို ကြည့်ရှုအားပေးသည်။
ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာန၏ ခွင့်ပြုရန်ပုံငွေဖြင့်
မန်ကျည်းပင်ကျေးရွာ စာကြည့်တိုက် တည်ဆောက်ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး
တပ်ကုန်းမြို့နယ် မီးသတ်ဦးစီးဌာနက မန်ကျည်းပင်ကျေးရွာအုပ်စုမှ သင်တန်းသားများဖြင့်
ဖွင့်လှစ်သင်ကြားနေသော အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးသင်တန်းကို ကြည့်ရှုအားပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် နေပြည်တော်ကောင်စီဝင်တို့သည်
ညောင်ပင်သာကျေးရွာသို့ သွားရောက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ တူးဖော်ပေးနေသည့်
လေးလက်မ စက်ရေတွင်း တူးဖော်ပေးနေမှုကိုလည်းကောင်း၊ ကုန်ထုတ်လမ်းတစ်မိုင်စတင်ဖောက်လုပ်နေမှုကို
လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ
အောင်မြင်ခဲ့ကြသော မန်ကျည်းပင် ကျေးရွာအုပ်စု ကျေးရွာများမှ ကျောင်းသား ကျောင်းသူများ၊
၎င်းတို့၏မိဘများနှင့် တွေ့ဆုံ၍ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်သော လူငယ်လူရွယ်များ
ဖြစ်လာစေရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနက ဖွင့်လှစ်ထားသည့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး
တက္ကသိုလ်၊ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များစွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ်များသို့
လည်းကောင်း၊ အမျိုးသားရေး စိတ်ဓာတ်နှင့်လူမှုရေးစိတ်ဓာတ် အခြေခံပြည့်ဝသော သမဝါယမ စီးပွားရေးပညာတတ်များ
ပေါ်ထွန်းလာစေရေးအတွက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနက ဖွင့်လှစ်ထားသည့်
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်များသို့လည်းကောင်း တက်ရောက်ပညာသင်ယူနိုင်ရေး
အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments