တက္ကဆက်ရေကြီးမှုမှ သေဆုံးသူပေါင်း ၄၃ ဦးရှိလာ
ဝါရှင်တန် ဇူလိုင်
၆
အမေရိကန်ပြည်ထောင်စုတောင်ပိုင်း တက္ကဆက်ပြည်နယ်၌ ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၄၀ ကျော်ရှိလာကြောင်း သိရသည်။ ကလေးငယ်များအပါအဝင်
လူပေါင်း ၂၀ ကျော် ပျောက်ဆုံး နေဆဲဖြစ်သည်။
ဇူလိုင် ၄ ရက်က စံချိန်တင်
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဂွါဒါလူပီမြစ်ရေလျှံကာ ပြင်းထန် သော ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည်။
ကလေးငယ် ၁၅ ဦး အပါအဝင် လူပေါင်း ၄၃ ဦး သေဆုံးကြောင်း အာဏာပိုင်များက ဇူလိုင်
၅ ရက်တွင် အတည်ပြုပြောသည်။
မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုက မြစ်ရေမျက်နှာပြင်ကို မြင့်တက်စေကြောင်း၊
အိပ်ပျော် နေသော လူအများစုမှာ ဘေးလွတ်ရာသို့ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ခြင်းမရှိကြောင်း
သိရသည်။ အာဏာပိုင်များသည် ပျောက်ဆုံးနေသူများအတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ တိုးချဲ့
လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ
No comments