နီပေါနိုင်ငံသို့ ယခုနှစ်ခြောက်လအတွင်း နိုင်ငံခြားခရီးသွား ၅၇၇၆၈၉ ဦး ဝင်ရောက်မှုရှိ



ဇူလိုင် ၂

 

နီပေါနိုင်ငံသို့ ယခုနှစ် ခြောက်လတာကာလအတွင်း နိုင်ငံခြားခရီးသွား ၅၇၇၆၈၉ ဦး ဝင်ရောက်မှုရှိရာ လွန်ခဲ့သောနှစ် အလားတူကာလက နိုင်ငံခြားခရီးသွားဝင်ရောက်မှု၏ ၀. ၉၁ ရာခိုင်နှုန်းလျော့ကျမှုရှိသည်ဟု ခရီးသွားလုပ်ငန်းက ယနေ့တွင် ပြောကြားသည်။

 

၂၀၂၄ ခုနှစ် ပထမခြောက်လက လာရောက်လည်ပတ်သော နိုင်ငံခြားခရီးသွား ၅၈၃၀၁၆ ဦး ရှိကြောင်း ဖော်ပြထားသည်။

 

ခရီးသွားလုပ်ငန်းသည် နိုင်ငံအတွက်အလုပ်အကိုင်ဖန်တီးပေးပြီး အဓိကနိုင်ငံခြားငွေကြေး ရရှိသောလုပ်ငန်း ဖြစ်သည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.