ကမ္ဘောဒီးယားနိုင်ငံ၌ ယခုနှစ်ပထမနှစ်ဝက်အတွင်း မိုးကြိုးပစ်ခံရမှုများကြောင့် ၃၁ ဉီးသေဆုံး
ဇူလိုင်
၈
ကမ္ဘောဒီးယားနိုင်ငံ၌
၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်း မိုးကြိုးပစ်ခံရမှုများကြောင့် သေဆုံးသူ ၃၁ ဦး ရှိကြောင်း
သဘာဝဘေးအန္တရာယ်ထိန်းချုပ်ရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယနေ့တွင် ပြောကြားသည်။
လွန်ခဲ့သောနှစ်
အလားတူကာလက သေဆုံးသူ ၄၅ ဦးရှိရာ ယခုနှစ်အတွင်း မိုးကြိုးပစ်ခံရမှုကြောင့် သေဆုံးမှုနှင့်နှိုင်းယှဉ်ပါက ၃၁ ရာခိုင်နှုန်း လျော့ကျလာသည်ဟု ၎င်းကဆိုသည်။
ယခုနှစ်လက်ရှိအချိန်အထိ
မိုးကြိုးပစ်ခံရမှုများကြောင့် သေဆုံးသူများတွင် အမျိုးသမီး ၁၁ ဦးနှင့် ကလေးငယ်သုံးဦးတို့ပါဝင်ကြောင်း
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီ၏ပြောရေးဆိုခွင့်ရှိသူ ကင်မ်က ပြောကြားသည်။
ယခုနှစ်
ဇန်နဝါရီလမှဇွန်လအတွင်း မိုးကြိုးပစ်ခံရမှုများကြောင့် ကျွဲနွားတိရစ္ဆာန်အကောင်ရေ ၇၁
ကောင် သေဆုံးခဲ့ပြီး အခြား ၅၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ၎င်းကထပ်လောင်းပြောသည်။
စီရမ်ရိ၊
ဘတ်တမ်ဘန်၊ ဘန်တီမီအန်ချီ၊ ပရိစီဟာနော့ခ်ပြည်နယ်တို့တွင် မိုးကြိုးပစ်ခံရမှုကြောင့်
သေဆုံးသူဦးရေအမြင့်မားဆုံးဖြစ်ကြောင်း ဖော်ပြထားသည်။
မိုးကြိုးပစ်ခံရသည့်အန္တရာယ်မှရှောင်ရှားရန်
ပြည်သူများ အထူးသဖြင့် ကျေးလက်ဒေသတွင် နေထိုင်သူများအနေဖြင့် မိုးရွာသွန်းနေချိန်တွင်
နေအိမ်များ၊ အမိုးအကာများတွင် နေထိုင်သင့်သည်ဟု ၎င်းကဆိုသည်။
ကိုးကား-ဆင်ဟွာ
No comments