အာဆင်နယ်က စပို့တင်းတိုက်စစ်ကစားသမား ဂယိုကာရက်စ်ကို ခေါ်ယူ
ပရီမီယာလိဂ်ကလပ် အာဆင်နယ်အသင်းသည်
စပို့တင်းလစ္စဘွန်းအသင်းမှ ဆွီဒင်တိုက်စစ် ကစားသမား ဗစ်တာဂယိုကာ ရက်စ်ကို ကနဦးပြောင်းရွှေ့ကြေး
ပေါင် ၅၅ သန်းဖြင့် ခေါ်ယူလိုက်ပြီ ဖြစ်သည်။
ဂယိုကာရက်စ်သည် အာဆင်နယ်အသင်းနှင့်
ငါးနှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုသွားမည်
ဖြစ်သည်။ ၎င်းသည် စင်ကာပူတွင် ရာသီအကြိုခြေစမ်းပွဲများ
ယှဉ်ပြိုင်ကစားရန် ရောက်ရှိနေသည့် အသင်းဖော်အသစ်များနှင့်
ပူးပေါင်းသွားမည်ဖြစ်သည်။
အသက် ၂၇ နှစ်အရွယ် အဆိုပါ
တိုက်စစ်ကစားသမားသည် ယခုအပြောင်းအရွှေ့ကာလတွင် အာဆင်နယ်အသင်း ခေါ်ယူသည့် ခြောက်ဦးမြောက် ကစားသမားဖြစ်လာခဲ့သည်။ အာဆင်နယ် အသင်းသည် ဂယိုကာရက်စ်မတိုင်မီ ခံစစ်ကစားသမား
ခရစ္စတီယန် မော့စ်ကွီရာ၊ ကွင်းလယ် ကစားသမား မာတင်ဇူဘီမန်ဒီ၊ ဂိုးသမား ကီပါအာရီဇာဘလာဂါ၊
ကွင်းလယ်ကစားသမား နော်ဂတ် နှင့် တိုက်စစ်ကစားသမား
မာဒူကီတို့ကို ခေါ်ယူအားဖြည့်ထားသည်။
ဂယိုကာရက်စ်သည် ပေါ်တူဂီကလပ်
စပို့တင်းလစ္စဘွန်းအသင်းအတွက် ၁၀၂ ပွဲ ပါဝင်ကစားထားပြီး ၉၇ ဂိုးအထိ သွင်းယူပေးထားသည်။
အာဆင်နယ်အသင်းသည် ၂၀၂၅-၂၀၂၆ ရာသီ ပရီမီယာလိဂ်အဖွင့်ပွဲစဉ်အဖြစ် လာမည့်
ဩဂုတ် ၁၇ ရက်တွင် နာမည်ကြီး မန်ယူအသင်းနှင့် စတင်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
မိုးဇက်-စုစည်းရေးသားသည်

No comments