တရုတ်နိုင်ငံအနောက်တောင်ပိုင်း၌ မြေပြိုမှုကြောင့် သုံးဦးသေဆုံး၊ တစ်ဦးပျောက်ဆုံးလျက်ရှိ



ဩဂုတ် ၂၀

တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ် ပူအာမြို့ရှိကျေးရွာတစ်ရွာတွင် ယနေ့မနက်အစောပိုင်းက မိုးရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားခဲ့ရာ သုံးဦးသေဆုံးပြီး တစ်ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသခံအာဏာပိုင်များက ပြောကြားသည်။

အဆိုပါမြေပြိုမှုသည် ယနေ့မနက် ၅ နာရီ ၄၀ မိနစ်ဝန်းကျင်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မနက် ၁၀ နာရီအထိ သုံးဦးအလောင်းကိုတွေ့ရှိပြီး တစ်ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်းနှင့် ပိတ်မိနေသူတစ်ဦးအား ကယ်ဆယ်ရရှိခဲ့ပြီး ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြထားသည်။

ထိုကျေးရွာရှိ အိမ်ထောင်စု ၂၃ စုမှ ရွာသူရွာသား ၅၈ ဦးကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ကြောင်း၊ ရှာဖွေရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.