မော်လမြိုင်မြို့၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အခြေခံစားသောက်ကုန်များ ပေးအပ်ခြင်း အခမ်းအနားကျင်းပ
မော်လမြိုင် ဩဂုတ် ၂၀
အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား
ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အခြေခံစားသောက်ကုန် များ ပေးအပ်ခြင်း အခမ်းအနားကို
ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့ရှိ အထွေထွေ ရောဂါကု ပြည်သူ့ဆေးရုံကြီး၌ ကျင်းပရာ
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊
ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ တက်ရောက်ကြသည်။
ကြည့်ရှုအားပေး
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က
အမှာစကား ပြောကြားပြီး ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်အတူ
အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအတွက် အခြေခံစားသောက်ကုန်များနှင့် စားသောက်ဖွယ်ရာများကို
ပေးအပ်ကာ အထွေထွေရောဂါကု ဆေးရုံကြီး၌ သမားတော်ကြီးများ၊ ဆရာဝန်များနှင့် ကျန်းမာရေး
ဝန်ထမ်းများက အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေး စမ်းသပ်စစ်ဆေး ကုသပေးနေမှုနှင့်
တာဝန်ရှိသူများက စားအုန်းဆီများ ရောင်းချပေးနေမှုတို့ကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
ထို့နောက် မော်လမြိုင်မြို့ ကျောက်တန်းရပ်ကွက်
ကျောက်တန်း စက်မှုနယ်မြေရှိ NIPPON CONCRETE (Myanmar) Co.,Ltd စက်ရုံ၌ ကွန်ကရစ် ဓာတ်တိုင်များ
ထုတ်လုပ်နေမှုနှင့် စက်ရုံလည်ပတ်နေမှုကို ကြည့်ရှုပြီး ပြည်နယ်ဝန်ကြီးချုပ်က ကုန်ထုတ်လုပ်မှု
စွမ်းရည် ပိုမိုမြှင့်တင် နိုင်ရေးနှင့် ဒေသတွင်း ဈေးကွက်များသို့ ချဲ့ထွင်နိုင်ရေး
ကြိုးစားဆောက်ရွက်ရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)
No comments