တနင်္သာရီတိုင်းဒေသကြီး၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ


 


ထားဝယ် ဩဂုတ် ၂၇

စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ထားဝယ်မြို့ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပ သည်။

ဦးစွာ အမှတ်(၅)အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသား ကျောင်းသူများက “မြန်မာပြည်မှာ စာပဒေသာ ဝေဆာစေရမည် သီချင်းဖြင့် သီဆိုဖျော်ဖြေသည်။

ယင်းနောက် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက အမှာစကားပြောကြား၍ လူငယ်စာပေဆွေးနွေးပေးသော စာရေးဆရာမ နုနှင်းသစ်နှင့် ကျောင်းသား ကျောင်းသူ လေးဦးတို့အား ဂုဏ်ပြုဆု ချီးမြှင့်ပြီး ကျပန်းစကားပြောပြိုင်ပွဲ(အထက်တန်း)အဆင့်တွင် ဆုရရှိသော ကျောင်းသား ကျောင်းသူ ငါးဦးအား ဆုချီးမြှင့်ပေးအပ်သည်။

ထို့နောက် စာစီစာကုံး(အထက်တန်း)အဆင့်တွင် ဆုရရှိသော ကျောင်းသား ကျောင်းသူ ငါးဦး၊ စာဖတ်စွမ်းရည် ( အလယ်တန်း)အဆင့်တွင် ဆုရရှိသော ကျောင်းသား ကျောင်းသူ ငါးဦး၊ စာစီစာကုံး (အလယ်တန်း)အဆင့်တွင် ဆုရရှိသော ကျောင်းသား ကျောင်းသူ ငါးဦး၊ ပုံပြင်ပြောပြိုင်ပွဲ(မူလတန်း)အဆင့်တွင် ဆုရရှိသော ကျောင်းသား ကျောင်းသူ ငါးဦး တို့အား တိုင်းဒေသကြီးဝန်ကြီးများက ဆုများပေးအပ် ချီးမြှင့်သည်။

ယင်းနောက် တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးအတွင်းရေးမှူး၊ ဒုတိယစစ်ဆင်ရေး ကွပ်ကဲရေးမှူး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူး၊ ပညာရေးညွှန်ကြားရေးမှူးတို့က ပြိုင်ပွဲဝင်ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ကြသည်။

ဆက်လက်၍ စာကြည့်တိုက်များဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွက် ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူးက အလှူငွေကျပ် သိန်း ၂၀၊ ကျောင်းအကျိုးဆောင်က အလှူငွေကျပ် ၁၅ သိန်းနှင့် အထက(၅) ကျောင်းစာကြည့်တိုက် အတွက် တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ တိုင်းဒေသကြီး မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့တို့က စာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူသည်။

ထို့နောက် ဆုရရှိသောကျောင်းသူတစ်ဦးက ပြိုင်ပွဲဝင်ခေါင်းစဉ်များဖြင့် ပြန်လည်၍သရုပ်ပြပြီး ရမ္မဇူကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “ဖူးပွင့်ဝေစည် အနာဂတ်ဆီ သီချင်းဖြင့် သီဆိုဖျော်ဖြေကာ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများ က “ပညာရေးဖြင့်ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့ သီချင်းဖြင့် အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

တိုင်းဒေသကြီး(ပြန်/ဆက်)

No comments

Powered by Blogger.