မြစ်ကြီးနားမြို့နယ်အတွင်း သားငါးစားသုံးမှုဖူလုံစေရေး မွေးမြူရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
မြစ်ကြီးနား သြဂုတ် ၂၅
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း စားရေရိက္ခာဖူလုံရေး၊ သားငါး စားသုံးမှုဖူလုံစေရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊ ပုဂ္ဂလိကပိုင်မွေးမြူ ရေးလုပ်ငန်းများ တိုးချဲ့မွေးမြူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် နန်းကွေ့ကျေးရွာနယ်မြေ(၄)ရှိ ဦးအောင်သူလင်း၏ အသားတိုးကြက် မွေးမြူရေးခြံ၌ အသားတိုး ကြက်သားပေါက်နှင့် ကြက်ကြီးကောင်ရေ ၃၅၀၀ ကျော် မွေးမြူထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ဒေသတွင်း ပြန်လည်ဖြန့်ဖြူးရောင်းချနိုင်မှုနှင့် ကြက်သားပေါက်နှင့် ကြက်စာဝယ်ယူရရှိနိုင်ရေး ပေါင်းစပ် ဆောင်ရွက်ပေးပြီး တိရစ္ဆာန်အာဟာရ ဖြည့်စွက်အစာနှင့် မွေးမြူရေးအထောက်အကူပြု ဆေးဝါးများကို ထောက်ပံ့ပေးအပ်သည်။
ထို့နောက် ဒေသကျွဲများ လွှတ်ကျောင်းစနစ်ဖြင့် မွေးမြူထားမှုကို ကြည့်ရှုစစ်ဆေးပြီး ကျွဲများ ခြံလှောင်စနစ်ဖြင့် စနစ်တကျ မွေးမြူနိုင်ရေး ပေါင်းစပ် ဆောင်ရွက်ပေးသည်။
ထောက်ပံ့ပေးအပ်
ယင်းနောက် ဦးဝင်းဆွေ၏ အသားတိုးဝက် မွေးမြူရေးခြံ၌ အသားတိုးဝက်များ မွေးမြူထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ဒေသတွင်းဖြန့်ဖြူးရောင်းချနိုင်မှုနှင့် ဝက်သားပေါက်နှင့် ဝက်စာဝယ်ယူရရှိမှု၊ တိရစ္ဆာန်ကူးစက်ရောဂါ မဖြစ်ပွားရေးတို့နှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး မွေးမြူရေး အထောက်အကူပြုဆေးဝါးပစ္စည်းနှင့် အစာအိတ်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)
No comments