စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၂၀၂၅ ခုနှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲနှင့် ထူးချွန်ဝန်ထမ်းများ ဆုချီးမြှင့်ပွဲကျင်းပ
နေပြည်တော် ဩဂုတ် ၂၆
၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်
စာမေးပွဲ၌ ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်းသားသမီး ကျောင်းသား ကျောင်းသူများနှင့်
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် သင်တန်းများ၌ ထူးချွန်ဆုရရှိခဲ့ကြသည့် ဝန်ထမ်းများအား ဂုဏ်ပြု
ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ်(၁၅) စုဝေးဆောင်ခန်းမ၌
ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနများနှင့်
တက္ကသိုလ် များမှ အရာထမ်း၊ အမှုထမ်းများ၊ ဂုဏ်ထူးရ ထူးချွန် ကျောင်းသား ကျောင်းသူများ
တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက
မန္တလေးငလျင်ကြီးကြောင့် တက္ကသိုလ်ဝင် စာမေးပွဲကို ဒုတိယအကြိမ် ပြန်လည်ဖြေဆိုခဲ့ကြရ
သည့် မိမိတို့ဝန်ကြီးဌာန၏ ဝန်ထမ်းမိသားစုဝင် ကျောင်းသား ကျောင်းသူများ၏ အောင်မြင်မှုသည်
၆၄ ရာခိုင်နှုန်းရှိသည်ကို တွေ့ရကြောင်း၊ “အခက်အခဲ များက ရုန်းထလို့ မိမိအရည်အသွေးထုတ်ပြဖို့
တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြပါစို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ
ကျားကုတ်ကျားခဲ ကြိုးစားပြီး ပြန်လည်ဖြေဆိုခဲ့ကြခြင်းကြောင့် ယခု ကဲ့သို့ အောင်မြင်မှုများ
ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ လာမည့်နှစ်များတွင် အောင်မြင်မှု ရာခိုင်နှုန်းတိုးတက် မြင့်မားအောင်
ကျောင်းသား ကျောင်းသူများနှင့် မိဘများက ဝါယမစိုက်ထုတ် ကြိုးစားသွားကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊
ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများက ခြောက်ဘာသာဂုဏ်ထူးရှင် သုံးဦး၊
ငါးဘာဘာ ဂုဏ်ထူးရှင် ၁၄ ဦး၊ လေးဘာသာ ဂုဏ်ထူးရှင် ၄၀၊ သုံးဘာသာဂုဏ်ထူးရှင် ၈၂ ဦး စုစုပေါင်း
၁၃၉ ဦးအား ဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုငွေ သားများကိုလည်းကောင်း၊
ပြည်ထောင်စုရာထူးဝန် အဖွဲ့၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်သင်တန်းများ၌ ဆုရရှိ ခဲ့ကြသည့်ဝန်ထမ်းရှစ်ဦးအား
ဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဂုဏ်ပြုငွေသားများကိုလည်း ကောင်း ချီးမြှင့်ပေးအပ်ကြရာ
ထူးချွန်ကျောင်းသား ကျောင်းသူများနှင့် ထူးချွန်ဝန်ထမ်းများက လက်ခံ ရယူကြပြီး ကျောင်းသားကိုယ်စားလှယ်တစ်ဦးက
ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments