ဟိုတယ်များအနေဖြင့် အာဆီယံအဆင့်ပေးအပ်သော ဟိုတယ်ဆိုင်ရာဆုများ ရရှိနိုင်အောင် စဉ်ဆက်မပြတ် ကြိုးစားကြရန်နှင့် ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုအဆင့်အတန်းများ မြင့်မားလာ အောင် ဝိုင်းဝန်းကြိုးစားဆောင်ရွက်

 


နေပြည်တော် ဩဂုတ် ၁၉

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဟိုတယ်လုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက် လာရေး အတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးနှင့်အတူ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒဏ္ခိဏသီရိမြို့နယ် နိုင်ငံတော်ဧည့်ဂေဟာဝင်းအတွင်းရှိ ဟိုတယ်များမှ ငလျင်ဒဏ်သင့် ဟိုတယ် အဆောက်အအုံနှင့် အခန်းများ၊ ခန်းမများပြုပြင်မွမ်းမံ ဆောင်ရွက်နေမှုအခြေအနေများ၊ ဆောင်ရွက် ပြီးစီးမှုအခြေအနေများ၊ ဧည့်သည်လက်ခံနိုင်ရေး ပြင်ဆင်ထားရှိမှုအခြေအနေများ၊ သန့်ရှင်းသာယာ လှပရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှု စစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ပြင်ဆင် ပြီး ငလျင်ဒဏ်သင့် ဟိုတယ်၊ အခန်းများကို ဧည့်သည်များ အမြန်ဆုံး လက်ခံနိုင်ရန်ပြင်ဆင်ကြရန်၊ ပြင်ဆင်ဆဲအခန်းများ၊ ခန်းမများကိုလည်း သတ်မှတ်စံချိန် စံနှုန်းများနှင့်အညီ ဘေးအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်ကြရန်၊ ပြည်ထောင်စု နယ်မြေ နေပြည်တော်အတွင်းရှိ ဟိုတယ်များအနေဖြင့် အာဆီယံအဆင့်ပေးအပ်သော ဟိုတယ်ဆိုင်ရာဆုများကို ရရှိနိုင်အောင် စဉ်ဆက်မပြတ် ကြိုးစားကြရန်၊ ဟိုတယ်ဝန်ထမ်းများအနေ ဖြင့် ဟိုတယ်လုပ်ငန်းခွင်အတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးသင်တန်းများတွင် လည်း ပါဝင်တက်ရောက်စေရေး တာဝန်ရှိသူများက စိစစ်ကြပ်မတ်ကြရန်နှင့် ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုအဆင့်အတန်းများ မြင့်မားလာအောင် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ကြရန် မှာကြားပြီး ဟိုတယ်များတွင် နေရောင်ခြည် စွမ်းအင်သုံးဆိုလာစနစ်တပ်ဆင် သုံးစွဲနေမှုအခြေအနေတို့ကို လှည့် လည်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည် ငလျင်ဘေးဒဏ်သင့် အပြာရောင် အဆင့် သတ်မှတ်ထားသည့် ဝန်ထမ်းအိမ်ရာများတွင် ပြင်ဆင်ပြီးစီး၍ ဝန်ထမ်းများနှင့် ဝန်ထမ်း မိသားစုဝင် များ ပြန်လည်ပြောင်းရွှေ့ နေထိုင်မှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ရေ၊ မီး၊ မိလ္လာနှင့် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရေး၊ ဘေးအန္တရာယ်ကင်းရှင်းစွာ နေထိုင် နိုင်ရေးတို့အတွက် တာဝန်ရှိသူများအားမှာကြားပြီး ဝန်ထမ်းများ၏ အခက်အခဲများနှင့် တင်ပြချက် များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

 

 

No comments

Powered by Blogger.