အင်အားရစ်(ခ်)တာစကေး (၅.၂) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခုလှုပ်ခတ်
၂၂-၈-၂၀၂၅
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ
၂၂ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၁) နာရီ၊ (၂၆)မိနစ်၊ (၁၇)စက္ကန့် အချိန်တွင် ဟားခါးမြေငလျင်စခန်းမှ
အရှေ့မြောက်ဘက် (၃၆) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ကလေးမြို့၏ အနောက်တောင်ဘက်
(၁၂) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၃.၀၅) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၉၅) ဒီဂရီ၊
အနက် (၂၂) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၂) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော
မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
Crd> မိုး/ဇလ

No comments