ဂျပန်နိုင်ငံရှိ 7-Eleven ဈေးဝယ်စင်တာတစ်ခု၌ စက်ရုပ်များအသုံးပြုပြီး ဆိုင်လုပ်ငန်းများ ဆောင်ရွက်
တိုကျို စက်တင်ဘာ ၁၀
ဂျပန်နိုင်ငံ၏ အကြီးမားဆုံးသော
ဈေးဝယ်စင်တာတစ်ခုဖြစ်သည့် 7-Eleven က လုပ်သားရှားပါးမှုကို ကိုင်တွယ်ဖြေရှင်းရန်နှင့်
ဆိုင်တွင်းအလုပ်များကို အခက်အခဲမရှိ ဆောင်ရွက်နိုင်စေရန်အတွက် စက်ရုပ်များကို တိုကျိုမြို့တော်ရှိ
၎င်း၏ ဆိုင်ခွဲတစ်ခုတွင် စမ်းသပ်အသုံးပြုခဲ့ကြောင်း
သိရသည်။
ဉာဏ်ရည်တုနည်းပညာ၏ အသုံးဝင်မှုနှင့်အတူ
စတိုးဆိုင်၏ပစ္စည်းများကို ပြန်လည်သိုလှောင်ထား ရန် စက်ရုပ်များကို အသုံးပြုလျက်ရှိသည်။
ကုန်ပစ္စည်းစာရင်းအပေါ်အခြေခံ၍
မည်သည့်ထုတ်ကုန်များကို ပြန်လည်သိုလှောင်ရန် လိုအပ်သည် ကို အဆိုပါစက်ရုပ်များက ဆုံးဖြတ်ပေးနိုင်ကြောင်း
သိရသည်။
ယင်းသို့ စက်ရုပ်များကို
အသုံးပြုခြင်းဖြင့် တစ်ပတ်လျှင် ၁၀ နာရီခန့် အလုပ်သမားများ အသုံးပြုပြီး ကုန်ပစ္စည်း
စာရင်းတွက်ချက်မှု လုပ်ငန်းစဉ်ကို ကောင်းမွန်စွာကိုင်တွယ်ဖြေရှင်းနိုင်ကြောင်း
7-Eleven ကုန်စုံစတိုးဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထို့ပြင် ဆိုင်သန့်ရှင်းရေးအတွက်
အခြားစက်ရုပ်မော်ဒယ်များကို အသုံးပြုလျက်ရှိကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။
စက်ရုပ်များကို အသုံးပြုခြင်းဖြင့်
ဆိုင်၏နေ့စဉ်အလုပ်များကို ၂၀ မှ ၃၀ ရာခိုင်နှုန်းအထိ လျှော့ချ ပေးနိုင်ကြောင်း သိရသည်။
အနာဂတ်တွင် စက်ရုပ်များကို
အပြည့်အဝအသုံးချရန်လည်း ရည်ရွယ်ထားကြောင်း ၎င်းက ပြောကြားသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်

No comments