ညောင်ဦးခရိုင်၌ ၂ဝ၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်
ညောင်ဦး စက်တင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်၌ ၂ဝ၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အနော်ရထာခန်းမ၌ ကျင်းပသည်။
ဦးစွာ ညောင်ဦးခရိုင် စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် (၁)ဒုတိယဗိုလ်မှူးကြီး သော်ထိုက် က အမှာစကားပြောကြားသည်။
ယင်းနောက် ငါးဘာသာဂုဏ်ထူးရှင် တစ်ဦး၊ လေးဘာသာဂုဏ်ထူးရှင် ခြောက်ဦး၊ သုံးဘာသာဂုဏ်ထူး ရှင် ၁၀၂ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၇၇ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၁၅၆ ဦးတို့အား ညောင်ဦးခရိုင်စီမံ ခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်(၁)နှင့် ခရိုင်ကော်မတီဝင်များ၊ ညောင်ဦးခရိုင်ပညာရေးမှူး ဦးကျော်ဝင်းနှင့် တာဝန်ရှိသူများက ဂုဏ်ပြုကတ်နှင့်ဆုငွေများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း
No comments