ဂျပန်နိုင်ငံ၌ အသက်ရာကျော်ရှိသူဦးရေ ၉၉၀၀၀ ကျော် ဖြင့်စံချိန်သစ်တင်
စက်တင်ဘာ ၁၂
ဂျပန်နိုင်ငံတွင်
အသက်ရာကျော်ရှိသူဦးရေသည် ၅၅ နှစ်ဆက်တိုက် ၉၉၇၆၃
ဖြင့် စံချိန်တင်များပြားလာကာ ယခင်နှစ်ကထက် ၄၆၄၄ ဦး ပိုမိုများပြားလာကြောင်းယနေ့တွင်
အစိုးရအဖွဲ့အချက်အလက် ဖော်ပြချက်အရသိရသည်။
စက်တင်ဘာ ၁၅ တွင်
ကျရောက်မည့် သက်ကြီးရွယ်အိုများနေ့မတိုင်မီ ထုတ်ပြန်သည့် အချက်အလက်များအရ နိုင်ငံအတွင်း လူတစ်သိန်းလျှင် ပျမ်းမျှအားဖြင့်
အသက်ရာကျော်ရှိသူ ၈၀ ဒသမ ၅၈ ဦး ရှိကြောင်း ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက
ပြောကြားသည်။
အသက် ၁၀၀ နှင့်အထက်ရှိသူများ၏
၈၈ ရာခိုင်နှုန်းခန့်သည် အမျိုးသမီးများဖြစ်ကာ ၈၇၇၈၄ ဦးရှိပြီး အသက်ရာကျော် အမျိုးသားဦးရေ
၁၁၉၇၉ ဦးရှိကြောင်း ထိုဝန်ကြီးဌာနကဖော်ပြထားသည်။
ဂျပန်လူမျိုးများ၏
ပျမ်းမျှသက်တမ်းသည် ၂၀၂၄ ခုနှစ်တွင် အမျိုးသမီးများအတွက် ၈၇.၁၃ နှင့် အမျိုးသားများအတွက်
၈၁.၀၉ ဖြစ်သည်ဟု သိရသည်။
အသက်ရာကျော်ရှိသူများ
စစ်တမ်းကောက်ယူမှုကို ၁၉၆၃ ခုနှစ်တွင်စတင်ခဲ့ရာ ၁၅၃ ဦး၊ ၁၉၈၁ ခုနှစ်တွင် တစ်ထောင်ကျော်နှင့်
၁၉၉၈ ခုနှစ်တွင် ၁၀၀၀၀ ကျော်ရှိကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
No comments