မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား တက်ရောက်
မကွေး စက်တင်ဘာ ၁၆
၂၀၂၅ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်
အခမ်းအနားကို ယနေ့နံနက်ပိုင်းက မကွေးမြို့ မြို့တော်ခန်းမ၌ကျင်းပရာ မကွေးတိုင်းဒေသကြီး
ဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံ တပ်နယ်မှတာဝန်ရှိသူများ၊ တိုင်းဒေသကြီး တရားလွှတ်တာ်
တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့်ဇနီးများ၊ ဆရာ ဆရာမများ၊ ကျောင်းသား
ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချူပ်က အနာဂတ်မျိုးဆက်သစ်များအား
ကောင်းမွန်သည့် သဘာဝ ပတ်ဝန်းကျင်ကို လက်ဆင့်ကမ်းပေးနိုင်ရန် အိုဇုန်းလွှာထိန်းသိမ်း
ကာကွယ်ခြင်း လုပ်ငန်းစဉ်တွင် ပူးပေါင်းပါဝင်ကြစေလိုကြောင်း ပြောကြားသည်။
မှတ်တမ်းဗီဒီယို ပြသ
ထို့နောက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏
သဝဏ်လွှာဗီဒီယိုပြသပြီး ၂၀၂၅ ခုနှစ် ကုလသမဂ္ဂပတ်ဝန်းကျင် အစီအစဉ်(UNEP) အမှုဆောင် ညွှန်ကြားရေးမှူး၏
ဗီဒီယိုနှင့် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မှတ်တမ်းဗီဒီယိုကို ပြသသည်။
ယင်းနောက် ၂၀၂၅ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာ
ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဆောင်းပါးနှင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား
ဆုများပေးအပ်ချီးမြှင့်ကြပြီး ခင်းကျင်းပြသထားသည့် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ဆိုင်ရာ
အသိပညာပေးပြခန်းများ၊ လှုပ်ရှားမှုမှတ်တမ်း ဓာတ်ပုံများ၊ ပြိုင်ပွဲဝင်ဆုရ စာစီစာကုံးများကို
ကြည့်ရှုကြကာ တက်ရောက်လာသူများအား Recycle bag၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်၊
Note Book များ၊ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ Logo ပါ ကော်ဖီခွက်၊ အချိုရည်နှင့်မုန့်များ
ဝေငှပေးခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)

No comments