အီသီယိုးပီးယားနိုင်ငံ၌ အာဖရိက၏ အကြီးဆုံးရေအားလျှပ်စစ်စီမံကိန်း ဖွင့်လှစ်
အဒစ္စအဘာဘာ စက်တင်ဘာ ၁၀
အီသီယိုးပီးယား နိုင်ငံသည် အာဖရိက၏ အကြီးဆုံးရေအားလျှပ်စစ်စီမံကိန်းဖြစ်သည့် Grand Ethiopian Renaissance
Dam (GERD) ကို စက်တင်ဘာ ၉ ရက်တွင်
တရားဝင်ဖွင့်လှစ်လိုက် ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားကို နိုင်ငံအနောက်မြောက်ပိုင်း ဘနီရှန်ဂူ-ဂူမုဇ်ဒေသ ရေကာတာအနီးတွင် ကျင်းပခဲ့ပြီး အာဖရိကသမဂ္ဂကော်မရှင်ဥက္ကဋ္ဌ မိုဟာမက်အလီ ယူဆွတ်ဖ်၊
ကင်ညာသမ္မတ ဝီလီယံ ရူတို၊ ဂျီဘူတီ သမ္မတ အစ္စမေးလ် အိုမာဂူလယ်နှင့် တောင်ဆူဒန်သမ္မတ ဆဲလ်ဗာကီးယားတို့ အပါ အဝင် အီသီယိုးပီးယားအကြီးတန်း
တာဝန်ရှိသူများ၊ အာဖရိကခေါင်းဆောင်များ၊ အာဖရိကသမဂ္ဂမှ ကိုယ်စားလှယ်များနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများမှ
ကိုယ်စားလှယ်များတက်ရောက် ခဲ့ကြောင်း သိရသည်။
ဆူဒန်နယ်စပ်အနီး ဘလူးနိုင်းမြစ်ပေါ်တွင်
၂၀၁၁ ခုနှစ်က ၅၁၅၀
မဂ္ဂါဝပ် ရေအားလျှပ်စစ်စီမံကိန်း ကို စတင်ဆောက်လုပ်ခဲ့ကြောင်း
သိရသည်။ အီသီယိုးပီးယားနိုင်ငံတွင် အဘေမြစ်ဟု လူသိများ သော
ဘလူးနိုင်းမြစ်သည် အဒစ္စအဘာဘာမြို့၏ မြောက်ဘက်
၅၇၀ ကီလိုမီတာခန့်တွင် ရှိသည့် တာနာရေကန်မှ မြစ်ဖျားခံလာခြင်းဖြစ်ပြီး
နိုင်းမြစ်၏ အဓိကမြစ်လက်တက်နှစ်ခုထဲမှ တစ်ခုဖြစ်ကြောင်း
သိရသည်။
ဆင်ဟွာ

No comments