စင်ကာပူနိုင်ငံသို့ ယခုနှစ်ဩဂုတ်လအတွင်း တရုတ်ခရီးသွား ၃၉၈၀၀၀ ကျော် ဝင်ရောက်
စက်တင်ဘာ ၁၅
စင်ကာပူနိုင်ငံသို့
ယခုနှစ် ဩဂုတ်လအတွင်း တရုတ်နိုင်ငံမှခရီးသွား ၃၉၈၀၀၀ ကျော် လာရောက်လည်ပတ်မှုရှိရာ တရုတ်ခရီးသွားဝင်ရောက်မှု
အများဆုံးဖြစ်ကြောင်း ခရီးသွားလုပ်ငန်းအဖွဲ့က ယနေ့တွင်ပြောကြားသည်။
လွန်ခဲ့သောလက နိုင်ငံတကာခရီးသွားဝင်ရောက်မှုပေါင်း
၁ ဒသမ ၆ သန်းရှိရာ ၂၀၂၄ ခုနှစ် အလားတူကာလမှ ခရီးသွားဝင်ရောက်မှု ၄ ဒသမ ၅ ရာခိုင်နှုန်းပိုမိုများပြားခဲ့ကြောင်း
ဖော်ပြထားသည်။
၂၀၂၅ ခုနှစ် ပထမရှစ်လအတွင်း
တရုတ်ခရီးသွား ၂ ဒသမ ၃ သန်း ဝင်ရောက်မှုရှိရာ ထိပ်ဆုံးမှဆက်လက်ရပ်တည်လျက်ရှိကြောင်းဖော်ပြထားသည်။
ဇန်နဝါရီမှဩဂုတ်လအတွင်း
နိုင်ငံတကာခရီးသွားဝင်ရောက်မှု ၁၁ ဒသမ ၆ သန်းရှိရာ လွန်ခဲ့သောနှစ်အလားတူကာလကထက် ခရီးသွား
၂ ဒသမ ၇ ရာခိုင်နှုန်းပိုမိုဝင်ရောက်မှုရှိခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
No comments