ကမ္ဘာလုံးဆိုင်ရာ နိုင်ငံတကာ ခရီးသွားဦးရေ ယမန်နှစ်ကထက် ၃၃ သန်းကျော် ပိုမိုများပြား
ကုလသမဂ္ဂ စက်တင်ဘာ ၁၀
၂၀၂၅ ခုနှစ် ပထမနှစ်ဝက်ကာလတွင် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံတကာခရီးသွားဦးရေ ငါးရာခိုင်နှုန်း
တိုးလာကြောင်း ကုလသမဂ္ဂ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ (UN Tourism) က ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
ဇန်နဝါရီမှ ဇွန်လအတွင်း နိုင်ငံတကာသို့ ခရီးသွားဦးရေ သန်း ၆၉၀ နီးပါးရှိပြီး
၂၀၂၄ ခုနှစ် အလား တူကာလထက် ၃၃ သန်းကျော် ပိုများကြောင်း
သိရသည်။
အာဖရိက၌ နိုင်ငံတကာခရီးသွားဦးရေ ၁၂ ရာခိုင်နှုန်းတိုးလာပြီး အာရှနှင့် ပစိဖိတ်ဒေသ၌
နိုင်ငံ တကာခရီးသွားဦးရေ ၁၁ ရာခိုင်နှုန်း တိုးလာသည်။
အလားတူ အရှေ့မြောက်အာရှတွင် ၂၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဥရောပ၌ နိုင်ငံတကာခရီးသွား
သန်း ၃၄၀ နီးပါးကို ကြိုဆိုခဲ့ပြီး လေးရာခိုင်နှုန်း တိုးလာခဲ့ကြောင်း သိရသည်။
နိုင်ငံတကာခရီးသွားလုပ်ငန်း ကောင်းမွန်လျက်ရှိသည့်အတွက် ဒေသတွင်းစီးပွားရေး၊
အလုပ်အကိုင် နှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအတွက် အထောက်အပံ့ကောင်းများရရှိပါကြောင်း
ကုလ သမဂ္ဂခရီးသွားလုပ်ငန်း အထွေထွေအတွင်းရေးမှူးချုပ် ဇူရတ်ပိုလိုလီကာစ်ဗီလီက ပြောကြားသည်။
နိုင်ငံတကာခရီးသွားလုပ်ငန်းတိုးတက်မှုကို ရေရှည်တည်တံ့စေရန်အတွက် နိုင်ငံအားလုံး
ပါဝင် ဆောင်ရွက်ရန်လိုအပ်ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။
ကုလသမဂ္ဂခရီးသွားလုပ်ငန်းသည် ယခုနှစ် ဒုတိယနှစ်ဝက်တွင်လည်း တိုးတက်မှုများစွာရှိနေမည်
ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်
No comments