ဖီဖာကမ္ဘာ့ဖလားအဆင့်သတ်မှတ်ချက်တွင် ဂျာမနီအသင်း အဆင့် ၁၀ အောက်ကျဆင်း



စက်တင်ဘာ ၁၉

ဖီဖာ၏နောက်ဆုံးကမ္ဘာ့အဆင့်သတ်မှတ်ချက်ကိုယမန်နေ့ကထုတ်ပြန်ခဲ့ရာ ဂျာမနီအသင်းသည် အဆင့် ၉ မှ ၁၂ အထိ ကျဆင်းသွားကာ ကမ္ဘာ့ဖလားဆုလေးကြိမ်ရရှိထားသော ၎င်းအသင်းအနေဖြင့် ဖိအားများတိုးလာကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

၂၀၁၄ ခုနှစ်က ဘရာဇီးလ်နိုင်ငံတွင် ဆုဖလား ဆွတ်ခူးခဲ့ပြီးနောက် ဂျာမနီအသင်းသည် ၂၀၁၈ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်တို့တွင် ကမ္ဘာ့ဖလားအုပ်စုအဆင့်က ထွက်ခဲ့ရသည်ဟု သိရသည်။

ကမ္ဘာ့အဆင့် ၅၀ ပြင်ပအဆင့်သတ်မှတ်ခံခဲ့ရသည့် ဆလိုဗက်ကီးယားကို ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အဝေးကွင်းတွင် နှစ်ဂိုး- ဂိုးမရှိ ဖြင့် ပထမဆုံးအကြိမ် ရှုံးနိမ့်ခဲ့ကြောင်း ဖော်ပြထားသည်။

အုပ်စုဗိုလ်သာလျှင် ၂၀၂၆ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တိုက်ရိုက်အရည်အချင်းပြည့်မီမည်ဖြစ်ပြီး ဒုတိယရသည့် အသင်းသည် ဆီးမီးဖိုင်နယ်တွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ဥရောပချန်ပီယံ စပိန်အသင်းသည် ဖီဖာအဆင့်သတ်မှတ်ချက်တွင် ၁၁ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပြင်သစ်ကို ကျော်တက်သွားခဲ့ကြောင်းနှင့် ၂၀၂၂  ကမ္ဘာ့ဖလားဆုရှင် အာဂျင်တီးနားအသင်းက တတိယနေရာတွင် ရပ်တည်နေကြောင်း ဖော်ပြထားသည်။

လက်ရှိ ဖီဖာထိပ်ဆုံး ၁၀ အသင်းများသည်  စပိန်၊ ပြင်သစ်၊ အာဂျင်တီးနား၊ အင်္ဂလန်၊ ပေါ်တူဂီ၊ ဘရာဇီး၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ ခရိုအေးရှားနဲ့ အီတလီတို့ဖြစ်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.