ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဘုရားဖူးလာရောက်သူများ လက်အလှပန်းချီဆွဲမှု များပြားလာ
ညောင်ဦး စက်တင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံ - ညောင်ဦး ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေသို့ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူး လာရောက်သူများ ဘုရား၊ စေတီ၊ သာသနိက အဆောက်အအုံ ပတ်ဝန်းကျင်၌ ဖွင့်လှစ်ထားသည့် လက်အလှ ပန်းချီဆိုင်များတွင် လက်အလှပန်းချီဆွဲမှု များပြား လာခြင်းကြောင့် မိသားစုဝင်ငွေ အထိုက်အလျောက် ရရှိလာကြောင်း ဆင်ဖြူရှင်ကျောင်းတိုက် ကားရပ်နားကွင်းတွင် လက်အလှ ပန်းချီရေးဆွဲနေသည့် ဦးနိုင်ဝင်း ထံမှ သိရသည်။
ပုဂံ-ညောင်ဦး ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေသို့ မြန်မာပြည် အရပ်ရပ်မှ ဘုရားဖူး၊ လေ့လာရေး လာရောက်သူ များပြားလာခဲ့ပြီး မြင်းလှည်း အငှားလိုက်သူများ၊ အီးဗိုက် အငှားလိုက်သူများ တဖြည်းဖြည်းများလာကြောင်း၊ ပြည်တွင်းဘုရားဖူးများ များလာခြင်းဖြင့် ပုဂံ-ညောင်ဦး ဒေသခံများ စီးပွားရေး ပြန်လည် အဆင်ပြေလာနိုင်ကြောင်း လက်အလှပန်းချီရေးဆွဲ နေသည့် ဦးတင်စိုးက ရှင်းပြသည်။
ပုဂံဒေသတွင် လက်အလှပန်းချီ ရေးဆွဲမှုများ ခေတ်စားနေခဲ့ရာ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများက လက်အလှပန်းချီကို ပုံစံအမျိုးမျိုးဖြင့် ရေးဆွဲကြကြောင်း၊ လူကြီး၊ လူငယ်၊ လူလတ်များအားလုံး လက်ရေးပန်းချီ တတ်မြောက်ကြကာ ငွေကျပ် ၁၅၀၀ မှ ငွေကျပ် ၅၀၀၀ တန်ထိ လက်အလှပန်းချီ ဆွဲပေးကြကြောင်း၊ တစ်ရက်ခံ၊ နှစ်ရက်ခံမှ တစ်ပတ်ခံထိ ရေးဆွဲကြကာ သုံးစွဲသည့် ဆေးအပေါ်မူတည်ကာ ဈေးကွာခြားကြောင်း၊ ယွန်းလုပ်ငန်း ဖွံ့ဖြိုးစဉ်က ယွန်းလုပ်သမများ၊ ယွန်လုပ်သားများ လက်အလှ ပန်းချီဆိုင်များ ဖွင့်လှစ်ကာ မြန်မာ ပြည်အရပ်ရပ်မှ ဘုရားဖူးများကလည်း လက်အလှပန်းချီ၊ လက်ဆွဲ ပန်းချီများ ဆွဲလာခြင်းက ပုဂံ-ညောင်ဦး မြို့ခံများ အလုပ်အကိုင် အခွင့်လမ်းများ ရရှိလာစေပြီး မိသားစုဝင်ငွေလည်း တစ်ဖက် တစ်လမ်းက ဖြည့်ဆည်းပေးနိုင်ကြောင်း၊ အခါကြီးရက်ကြီး လပြည့်နေ့များတွင် လက်ပန်းချီ(လက်အလှပန်းချီ)ရေးဆွဲသူ များပြားကာ လက်ပန်းချီ ရေးဆွဲသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဒီပါလင်း
No comments