ရုရှားနိုင်ငံ၏ အာကာသစခန်း ပထမအစိတ်အပိုင်း ၂၀၂၈ ခုနှစ်တွင် အာကာသသို့ လွှတ်တင်မည်



မော်စကို   စက်တင်ဘာ   ၂၁

ရုရှားနိုင်ငံသည် ၎င်း၏အာကာသစခန်း ပထမအစိတ်အပိုင်းကို ၂၀၂၈ ခုနှစ်တွင်အာကာသသို့ လွှတ်တင်မည်ဖြစ်ကြောင်း ရုရှားအာကာသကော်ပိုရေးရှင်း ရော်ကော်စမော့ တာဝန်ရှိသူ ဒီမီထရီဗာကာနော့ဗ်က ပြောကြားသည်။

လဆင်းယာဉ်  လွှတ်တင်ရေးအတွက်  ရည်ရွယ်သည့်  ၎င်းအာကာသစခန်းတွင်  လကမ္ဘာပေါ်၌ လူသားများအသက်ရှင်နေထိုင်ရေးအတွက်  အကူအညီပေးမည့် အခြေခံအဆောက်အအုံများ ထားရှိ မည်ဖြစ်သည်။

ရုရှားသည် နိုင်ငံတကာ အာကာသစခန်းမှ  ထွက်ခွာရေးအတွက် အစီအစဉ်များကို ၂၀၂၂ ခုနှစ်တွင်  ကြေညာခဲ့ပြီး ရုရှားအာကာသစခန်းကို  စတင်တည်ထောင်ခဲ့သည်။ သို့ရာတွင် နိုင်ငံတကာ   အာကာသစခန်းရှိ ရုရှားအာကာသဆိုင်ရာ လုပ်ငန်းများကို ၂၀၂၈ ခုနှစ်အထိ ဆောင်ရွက်မည်ဖြစ် ကြောင်း  ၂၀၂၃ ခုနှစ်တွင် ကြေညာခဲ့သည်။  ယခုဆောင်ရွက်မည့်  အာကာသစခန်းစီမံကိန်းအတွက်   ရူဘယ်ငွေ ၆၀၈ ဒသမ ၉ ဘီလီယံ ကုန်ကျခံမည်ဖြစ်သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-စိုးသူရ

No comments

Powered by Blogger.