တောင်ကိုရီးယားနိုင်ငံ၌ ကျောင်းတွင်းအကြမ်းဖက်ခံရမှုနှုန်း စံချိန်တင် မြင့်မား
စက်တင်ဘာ ၁၆
တောင်ကိုရီးယားနိုင်ငံ၏
ကျောင်းတွင်းအကြမ်းဖက်ခံရမှုနှုန်းသည် ယခုနှစ်အတွင်း စံချိန်တင် မြင့်မားလာကြောင်း
အစိုးရစစ်တမ်းတစ်ရပ်က ယနေ့တွင် ဖော်ပြထားသည်။
လွန်ခဲ့သည့်နှစ်က
ကျောင်းတွင်းအကြမ်းဖက်မှု ကြုံတွေ့ခဲ့ရသည့် ကျောင်းသားများ အချိုးသည် ယခုနှစ်အတွင်းဖြစ်ပွားမှု
စုစုပေါင်း၏ ၂ ဒသမ ၅ ရာခိုင်နှုန်းဖြစ်ပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၀ ဒသမ ၄ ရာခိုင်နှုန်း
မြင့်တက်လာသည်ဟု ပညာရေးဝန်ကြီးဌာ၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ စစ်တမ်းသည်
၂၀၁၃ ခုနှစ်တွင် စတင်လုပ်ဆောင်ပြီးနောက်ပိုင်း အမြင့်ဆုံးဖြစ်သည်။ ထိုရလဒ်သည် မေလ ၁၃
ရက်နေ့အထိ လေးပတ်ကြာပြုလုပ်ခဲ့သော အွန်လိုင်းစစ်တမ်းအပေါ် အခြေခံ၍ မူလတန်းကျောင်းတွင်
စတုတ္ထတန်းမှ ဆဋ္ဌမတန်း ကျောင်းသားများအပြင် အလယ်တန်းနှင့် အထက်တန်း ကျောင်းသားများ
ပါဝင်ကြောင်း ဖော်ပြထားသည်။
ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုကာလအတွင်း
၂၀၂၀ ခုနှစ်တွင် ၀ ဒသမ ၉ ရာခိုင်နှုန်းသို့ ယာယီကျဆင်းလာပြီးနောက် ကျောင်းတွင်းအကြမ်းဖက်ခံရမှုနှုန်းသည်
၂၀၂၁ ခုနှစ်တွင် ၁ ဒသမ ၁ ရာခိုင်နှုန်းမှ ၂၀၂၂ ခုနှစ်တွင် ၁ ဒသမ ၇ ရာခိုင်နှုန်းအထိ
၂၀၂၃ ခုနှစ်တွင် ၁ ဒသမ ၉ ရာခိုင်နှုန်းနှင့် ၂၀၂၄ ခုနှစ်တွင် ၂ ဒသမ ၁ ရာခိုင်နှုန်းအထိ
ဆက်လက်မြင့်တက်လာခဲ့သည်။
မူလတန်းကျောင်းသူကျောင်းသားများ
အကြမ်းဖက်ခံရမှုနှုန်းသည် ၂၀၂၅ ခုနှစ်တွင် ၅ ဒသမ ၀ ရာခိုင်နှုန်းရှိရာ အမြင့်ဆုံးဖြစ်ပြီး
ယခင်နှစ်ကထက် ၀ ဒသမ ၈ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။
အလယ်တန်းကျောင်းသားများ
အကြမ်းဖက်ခံရမှုနှုန်း ၀ ဒသမ ၅ ရာခိုင်နှုန်းမှ ၂ ဒသမ ၁ ရာခိုင်နှုန်းအထိ တိုးလာပြီး
အထက်တန်းကျောင်းများ ၀ ဒသမ ၂ ရာခိုင်နှုန်းမှ
၀ ဒသမ ၇ ရာခိုင်နှုန်းအထိ ရှိသည်ဟု သိရသည်။
၂၀၂၅ ခုနှစ်တွင်
နှုတ်ဖြင့်အနိုင်ကျင့်ပြောဆိုမှု ၃၉ ဒသမ ၀ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးဖြစ်ပြီး အုပ်စုလိုက်အနိုင်ကျင့်မှု
၁၆ ဒသမ ၄ ရာခိုင်နှုန်း၊ ကိုယ်ထိလက်ရောက်အကြမ်းဖက်မှု ၁၄ ဒသမ ၆ ရာခိုင်နှုန်းနှင့်
ဆိုက်ဘာအနိုင်ကျင့်မှု ၇ ဒသမ ၈ ရာခိုင်နှုန်းတို့ဖြစ်ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
No comments