အမေရိကန်လေယာဉ်တစ်စင်း အရေးပေါ်ဆင်းသက်ပြီးနောက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည်
တိုကျို စက်တင်ဘာ ၁၃
ဂျပန်နိုင်ငံအနောက်ပိုင်း ကန်ဆိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်တွင်
အမေရိကန်ခရီးသည်တင် လေယာဉ်တစ်စင်း အရေးပေါ်ဆင်းသက်ခဲ့ရပြီးနောက် သယ်ယူပို့ဆောင်ရေး
အာဏာပိုင်များက စုံစမ်း စစ်ဆေးမှုများ စတင်လုပ် ဆောင်မည်ဖြစ်သည်။
အဆိုပါ လေယာဉ်ပေါ်တွင် ခရီးသည်နှင့်
လေယာဉ်အမှုထမ်း ၁၄၀ ခန့် လိုက်ပါလာခဲ့ကြောင်း၊ ယူနိုက်တက် အဲလိုင်းဖလိုက် ၃၂ သည် စက်တင်ဘာ
၁၂ ရက် ည ၇ နာရီနောက်ပိုင်းတွင် မြေပြင်သို့ ဆင်းသက်ခဲ့ကြောင်း၊ ထို့နောက် ခရီးသည်များ
အရေးပေါ်လျှောများဖြင့် ဘေးကင်းရာသို့ထွက်ခွာ ခဲ့ကြကြောင်း၊ ၎င်းတို့ထဲမှ ငါးဦးမှာဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း၊ဘိုအင်း
၇၃၇ လေယာဉ်သည် တိုကျိုမြို့အနီး နာရီတာလေဆိပ်မှ စတင်ထွက်ခွာလာပြီး ဖိလစ်ပိုင်နိုင်ငံ
စီဘူးမြို့သို့ ဦးတည်ပျံသန်းခဲ့ ကြောင်း၊ သို့သော် ညနေ ၆နာရီ မိနစ် ၃၀ ခန့်တွင် ကုန်တင်ခန်းအတွင်း
မီးလောင်မှုနှင့် ပတ်သက်၍ လေယာဉ်မှူးအခန်းသို့ သတိပေးချက်ရရှိခဲ့ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနမှ
တာဝန်ရှိသူများက ပြောသည်။
ထိုအချိန်တွင် အဆိုပါ လေယာဉ်မှာ ဝါကာယာမာခရိုင်
ကမ်းရိုးတန်းမှ ကီလိုမီတာ ၂၀၀ အကွာ အမြင့် ပေ ၁၀၀၀၀ ခန့်တွင်ရောက်ရှိနေပြီး မီးငြှိမ်းသတ်မှုများ
လုပ်ဆောင်ထားခြင်းမရှိကြောင်း အာဏာပိုင်များက ပြောသည်။ မီးလောင်မှုဖြစ်ပွားခဲ့သည့်
အရိပ်အယောင်များလည်းမတွေ့ ရှိခဲ့ကြောင်း ယူနိုက်တက် လေကြောင်းလိုင်းမှ တာဝန်ရှိသူက
အင်န်အိတ်ချ်ကေသို့ပြောသည်။
အဆိုပါဖြစ်ရပ်သည် ဘေးအန္တရာယ်ဖြစ်စေနိုင်သည့်
ဆိုးရွားသည့်ဖြစ်ရပ်အဖြစ် ဂျပန်နိုင်ငံ သယ်ယူ ပို့ဆောင်ရေး ဘေးကင်းရေးဘုတ်အဖွဲ့က ထည့်သွင်းစဉ်းစားထားသည်။
စက်တင်ဘာ ၁၃ ရက်တွင် ကန်ဆိုင်း အပြည်ပြည်ဆိုင်ရာ
လေဆိပ်သို့ စုံစမ်းစစ်ရေးမှူးနှစ်ဦး ရောက်ရှိမည်ဖြစ်ပြီး ၎င်းတို့သည် လေယာဉ်ကိုစစ်ဆေးကာ
ကယ်ဆယ်ရေးလုပ်ငန်းစဉ်များ သင့်လျော်မှုရှိ မရှိ ဆုံးဖြတ်မည် ဖြစ်သည်။
အင်န်အိတ်ချ်ကေ
No comments