စစ်ကိုင်းမြို့ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ထူပါရုံ“ကြံ့နှစ်ကောင်ဖောင်ဒေးရှင်း” စာသင်ကျောင်းဆောင်သစ်ဖွင့်ပွဲကျင်းပ

 



မုံရွာ စက်တင်ဘာ ၁၀

 

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ မင်းလမ်းရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) “ကြံ့နှစ်ကောင်ဖောင်ဒေးရှင်း စာသင်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းဆောင်၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကြံ့နှစ်ကောင်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ ကြံ့နှစ်ကောင်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများနှင့် ကျောင်းအုပ်ဆရာမကြီးတို့က အလျား ပေ ၁၂၀၊ အနံ ပေ ၃၀၊ အမြင့် ၁၂ ပေ၊ RC တစ်ထပ်ကျောင်းဆောင်သစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

 

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းဆောင်သစ် ကမ္ပည်း မှတ်တမ်းအား အမွှေးနံ့သာရည်များ ပတ်ဖျန်းပေးကာ ကျောင်းဆောင်သစ်အတွင်း ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနေမှုကို လိုက်လံကြည့်ရှုကြသည်။

 

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကြံ့နှစ်ကောင်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများထံ ကျောင်းဆောင်သစ် ဖွင့်ပွဲအထိမ်းအမှတ် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး ကြံ့နှစ်ကောင်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက မြို့နယ်ပညာရေးမှူးထံ ကျောင်းဆောင်သစ်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)

No comments

Powered by Blogger.