နယူးဇီလန်နိုင်ငံသို့ ဇူလိုင်လအတွင်း နိုင်ငံတကာခရီးသွားဝင်ရောက်မှု စံချိန်တင်များပြား
စက်တင်ဘာ ၁၁
နယူးဇီလန်နိုင်ငံသို့
ဇူလိုင်လအတွင်း နိုင်ငံတကာခရီးသွားဝင်ရောက်မှု စံချိန်တင်မြင့်တက်ခဲ့ကြောင်း၊ ခရီးသွားဝင်ရောက်မှု ၂၃၆၆၀၀ ရှိရာ ယခင်နှစ်ကခရီးသွားဝင်ရောက်မှု ၁၄၇၀၀
ထက် ပိုမိုများပြားခဲ့ကြောင်း စာရင်းအင်းဌာနကယမန်နေ့က
ဖော်ပြထားသည်။
သြစတြေးလျနိုင်ငံမှ
ခရီးသွားဝင်ရောက်မှု ၁၇၇၀၀ မှ ၁၂၆၇၀၀ အထိ မြင့်တက်လာကာ ကျောင်းပိတ်ရက်များနှင့် တစ်ထပ်တည်းကျသည့်
ဇူလိုင်လ တစ်လတာအတွင်း ခရီးသွားဝင်ရောက်မှု
အမြင့်ဆုံးဖြစ်ကြောင်း ထိုဌာနကပြောကြားသည်။
ဇူလိုင်လအတွင်း
ပြည်ပခရီးသွားဝင်ရောက်မှုမှာ ၂၀၁၉ ခုနှစ် ကူးစက်ရောဂါဖြစ်ပွားမှုမတိုင်မီက ခရီးသွားဝင်ရောက်မှု၏
၉၃ ရာခိုင်နှုန်းရှိကြောင်း၊ ဇူလိုင်လတွင် နိုင်ငံတကာခရီးသွားဝင်ရောက်မှု၏ ၅၅ ရာခိုင်နှုန်းသည်
သြစတြေးလျနိုင်ငံမှဖြစ်ပြီး တရုတ်နိုင်ငံမှ ၁၀ ရာခိုင်နှုန်း၊ အမေရိကန်နိုင်ငံမှ ခြောက်ရာခိုင်နှုန်းနှင့်
ဗြိတိန်နှင့် ဂျပန်နိုင်ငံတို့မှ ၃ ရာခိုင်နှုန်းစီ အသီးသီးရှိကြောင်း စာရင်းဇယားများ
ဖော်ပြချက်အရ သိရသည်။
၂၀၂၅ ခုနှစ် ဇူလိုင်လတွင်
သြစတြေးလျနိုင်ငံမှ လာရောက်လည်ပတ်သူ ၉၃၀၀ အထိတိုးလာပြီး ဂျပန်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ
လာရောက်သူများပြားကာ အင်ဒိုနီးရှားနိုင်ငံမှ ခရီးသွားဝင်ရောက်မှု ၁၄၁၀၀ ဖြင့်စံချိန်တင်ခဲ့ကြောင်း
သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
No comments