နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေးဆောင်ရွက်နေမှု ကြည့်ရှု
နေပြည်တော် စက်တင်ဘာ ၁၆
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည်
တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ် ရာဇသင်္ဂဟ လမ်းတစ်လျှာက်
ဘေးဝဲယာနှင့် ကြာကန်ပတ်လည် သန့်ရှင်း သာယာလှပစေရေး ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုပြီး
လမ်းလယ်ကျွန်းများတွင် မြေယာ ရှုခင်းနှင့် ပန်းအလှပင်များ ထည့်သွင်းစိုက်ပျိုးရန်၊ Box Culvert များတွင် အမှိုက်များပိတ်ဆို့မှုမရှိ
စေရေး၊ လမ်းပခုံးသားများ သတ်မှတ်ချက်နှင့်အညီ စနစ်တကျရှိစေရေး အလေးထား ဆောင်ရွက်ရန်
မှာကြားသည်။
ဆွေးနွေး
မွန်းလွဲပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်
ကံ့ကော်ဝိုင်းအနီး ရာဇသင်္ဂဟလမ်းနှင့် လယ်ဝေးမြို့နယ် လေဆိပ်လမ်းတစ်လျှောက် သန့်ရှင်းသာယာလှပစေရေး
ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုပြီး လမ်းတစ်လျှောက် သန့်ရှင်းသာယာလှပစေရန်
ပန်းအလှပင်များနှင့် အရိပ်ရအပင်များ စနစ်တကျစိုက်ပျိုးရန်၊ မြို့တော်အင်္ဂါရပ်နှင့်အညီ
Green City၊ Clean City၊ Smart City ဖြစ်စေရေး၊ ငလျင်ဘေးကြောင့် ထိခိုက်ခဲ့သည့် လမ်းဘေးပလက်ဖောင်းများ
အချိန်မီ ပြန်လည်ပြုပြင်ရေး၊ လမ်းဘေးမြောင်းများ အမှိုက်ပိတ်ဆို့မှုမရှိစေရေးနှင့်
အမှိုက်များ စနစ်တကျ စွန့်ပစ်ရေး ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
အောင်သူရဦး(ဒက္ခိဏ)
No comments