မော်လမြိုင်မြို့၌ ကျော်ကြားကုသိုလ်ဖြစ်ဆေးဆိုင်ဖွင့်
မော်လမြိုင် စက်တင်ဘာ ၁၅
မွန်ပြည်နယ် မော်လမြိုင်မြို့ အထွေထွေရောဂါကု
ပြည်သူ့ဆေးရုံကြီး၊ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးတို့တွင် ဆေးရုံတက်ရောက်ကုသလျက်ရှိသည့်
ဆင်းရဲနွမ်းပါးသော လူနာများအား အခမဲ့ဆေးလှူဒါန်းပေးနိုင်ရန်အတွက် ကျော်ကြားကုသိုလ်ဖြစ်ဆေးဆိုင်
ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဆေးဆိုင်၌ ကျင်းပရာ မွန်ပြည်နယ် ဝန်ကြီးချုပ်
ဦးအောင်ကြည်သိန်း၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်
ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်
တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးက ကုသိုလ်ဖြစ်ဆေးဆိုင်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး
ဆေးဆိုင်အတွင်း လှည့်လည်ကြည့်ရှု အားပေးကာ ဆေးလက်မှတ်များဖြင့် လာရောက် ထုတ်ယူသည့်
လူနာရှင်များထံ ဆေးဝါးပစ္စည်းများ အခမဲ့ပေးအပ် လှူဒါန်းပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကုသိုလ်ဖြစ်ဆေးဆိုင်သည်
စေတနာရှင်ကဏ္ဍ အနေဖြင့် ပြည်သူလူထုအား ကျန်းမာရေး စောင့်ရှောက်မှုကို အခမဲ့ရရှိနိုင်ရေး
ဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်ကြောင်း ပြောကြားပြီး အလှူရှင် ဦးတင်လှိုင်က ကုသိုလ်ဖြစ်ဆေးဆိုင်
ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားကာ မော်လမြိုင်မြို့ အထွေထွေရောဂါကု
ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည်
တာဝန်ရှိသူများနှင့်အတူ ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ခန်းမ၌ ကျင်းပသည့် မွန်ပြည်နယ်ဒေသဆိုင်ရာ
ခရီးသွားလုပ်ငန်းကော်မတီ (၆/၂ဝ၂၅) ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြားသည်။
အစည်းအဝေးတွင် လုပ်ငန်းကော်မတီဝင်များက
သက်ဆိုင်ရာ ကဏ္ဍအလိုက် ဟိုတယ်နှင့် ခရီးသွား ကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်နေမှုများကို
ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေး တင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က
လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)
No comments