တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ကျင်းပပြုလုပ်
နေပြည်တော် စက်တင်ဘာ ၁၆
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း
တပ်မတော် (ကြည်း၊ ရေ၊ လေ) ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့ညနေပိုင်းတွင်
နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ ပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်စား တပ်မတော်အားကစားနှင့်ကာယပညာအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ
စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် တက်ရောက်သည်။
အဆိုပါအားကစားပြိုင်ပွဲသို့ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) ရုံး/ ဌာနများမှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊
နေပြည်တော်တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊
မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ
တက်ရောက်ကြသည်။
ဦးစွာ တပ်မတော်အားကစားနှင့်ကာယပညာအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ
စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် တက်ရောက်လာကြသူများက ပြိုင်ပွဲဝင်အသင်းများ၏
ဗိုလ်လုပွဲ ပွဲစဉ်ဖြစ်သည့် အမျိုးသား/ အမျိုးသမီး (မီတာ ၁၀၀) အပြေးပြိုင်ပွဲ၊ အမျိုးသား/
အမျိုးသမီး (မီတာ ၁၅၀၀) အပြေးပြိုင်ပွဲနှင့် အမျိုးသား/ အမျိုးသမီး မီတာ ၄၀၀ လက်ဆင့်ကမ်းပြိုင်ပွဲ
ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ
အမျိုးသားတံခွန်စိုက်ဒိုင်းကို ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) အသင်းကလည်းကောင်း၊ အမျိုးသမီးတံခွန်စိုက်ဒိုင်းကို
ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ်အသင်းကလည်းကောင်း၊ အမျိုးသား အမျိုးသမီးစုပေါင်း
တံခွန်စိုက်ဒိုင်းကို ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) အသင်းကလည်းကောင်း အသီးသီးရရှိပြီး
ပြိုင်ပွဲအမျိုးအစားအလိုက် တစ်ဦးချင်းဆုရရှိကြသူများနှင့် အသင်းလိုက်ဆုရရှိကြသူများအား
တာဝန်ရှိသူများကလည်းကောင်း၊ အမျိုးသား/ အမျိုးသမီးစုပေါင်းတံခွန်စိုက်ဒိုင်းရရှိသည့်
ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) အသင်းအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား တပ်မတော်အားကစားနှင့်
ကာယပညာအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်ကလည်းကောင်း၊
တံခွန်စိုက်ဒိုင်းဆု၊ ဆင့်ပွားဒိုင်းနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း
တပ်မတော် (ကြည်း၊ ရေ၊ လေ) ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၁၄ သင်းဖြင့်
စက်တင်ဘာ ၁၂ ရက်မှ ယနေ့အထိ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments