ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အသိပညာပေး ဆွေးနွေး

 



ရန်ကုန် စက်တင်ဘာ ၁၈

 အလုပ်သမားဝန်ကြီးဌာန အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေးဦးစီးဌာန ဒဂုံမြို့သစ် ခရိုင်ရုံးမှ သင်ထောက်ကူ မော်တော်ယာဉ်ဖြင့် အလုပ်သမားများ၏ ဥပဒေပါ ရပိုင်ခွင့်များ ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီမှစတင်ကာ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် အရှေ့ဒဂုံစက်မှုဇုန်ရှိ Sanyuan Overseas အထည်ချုပ်စက်ရုံ၊ Jinxin Technology Co.,Ltd လျှပ်စစ်ပစ္စည်းစက်ရုံ၊ (၁၀၉)ရပ်ကွက်ရှိ Bcc Jewelry Mfg ဖန်စီ ပစ္စည်းစက်ရုံ၊ Myanmar Bangqi Leather Good Co.,Ltd အိတ်ချုပ် စက်ရုံတို့တွင် ဆောင်ရွက်သည်။

ဆွေးနွေးပွဲတွင် အလုပ်သမားဝန်ကြီးဌာန အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေးဦးစီးဌာန  ဒဂုံမြို့သစ်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းအောင်ကျော်၊ ဦးစီးအရာရှိ ဦးအောင်မြတ်သူတို့က အလုပ်ရှင်နှင့် အလုပ်သမားတို့အား အလုပ်သမားများ၏ ဥပဒေပါ ရပိုင်ခွင့်များဖြစ်သော အလုပ်ချိန်၊ နားချိန်၊ နားရက်၊ အချိန်ပို၊ ခွင့်ရက်၊ အလုပ် ပိတ်ရက်၊ လုပ်ခလစာ၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ၊ သက်သာချောင်ချိရေး ဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အေးမဉ္ဇူ

No comments

Powered by Blogger.