ကုလသမဂ္ဂလုံခြုံရေးကောင်စီအား ပြန်လည်ဖွဲ့စည်းရန်လိုအပ်ကြောင်း ဂျပန်ဝန်ကြီးချုပ် အီရှီဘာ ပြောကြား
တိုကျို စက်တင်ဘာ ၂၁
ဂျပန်ဝန်ကြီးချုပ် အီရှီဘာက
လာမည့်ကုလသမဂ္ဂအထွေထွေညီလာခံတွင် ကုလသမဂ္ဂလုံခြုံရေး ကောင်စီအား ပြန်လည်ဖွဲ့စည်းရန်လိုအပ်သည်ဟု
ပြောကြားမည်ဖြစ်ကြောင်း အင်န်အိတ်ချ်ကေ သတင်းဌာနနှင့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။
အီရှီဘာသည် စက်တင်ဘာ ၂၃ ရက်မှ
စပြီး နယူးယောက်မြို့သို့ သွားရောက်ရန် စီစဉ်ထားသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏
အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများကို အပ်နှင်းထားသည့် ဗီတိုအာဏာ သည် အင်အားကြီးနိုင်ငံများကြား
ထိပ်တိုက်တွေ့ဆုံမှုများကို ဟန့်တားရန်အတွက်သာဖြစ်ကြောင်း နှင့် အချို့သောကိစ္စရပ်များတွင်
အဖွဲ့ဝင်နိုင်ငံအားလုံးက သဘောတူညီသော်လည်း
အမြဲတမ်း အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံက ဗီတိုအာဏာဖြင့် ပယ်ချနိုင်သည့် အခွင့်အရေးရှိသည့်အတွက်
အဖွဲ့ဝင် နိုင်ငံများအနေဖြင့် လုပ်ငန်းကိစ္စများဆောင်ရွက်ရာတွင် ရလဒ်ထွက်ပေါ်ခြင်းမရှိကြောင်း
ဝန်ကြီးချုပ် အီရှီဘာက ပြောကြားသည်။
လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံအရေအတွက်
တိုးချဲ့ခြင်းအပါအဝင် ပြုပြင်ပြောင်းလဲမှုများ
ပြုလုပ် ရန် လိုအပ်ကြောင်း ဝန်ကြီးချုပ် အီရှီဘာက ပြောကြားရန် ရည်ရွယ်ထားသည်။
အရှေ့အလယ်ပိုင်း အခြေအနေများနှင့်ပတ်သက်ပြီး
ဂါဇာမြို့တော်၌ အစ္စရေး၏ မြေပြင်စစ်ဆင်ရေး ကို ရှုတ်ချပြောကြားသည်။
ဂျပန်သည် ပါလက်စတိုင်းကို
နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြုမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ထို့ပြင် ပါလက်စတိုင်းအစိုးရ၏
အုပ်ချုပ်ရေးကို ပိုမိုအားကောင်းစေရန်နှင့် ဟားမတ်စ်အဖွဲ့ကို လက်နက်ဖြုတ်သိမ်းရန်လည်း တိုက်တွန်းမည်ဖြစ်ကြောင်း ဝန်ကြီးအီရှီဘာက ပြောကြားသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်
No comments