ဂါဇာဒေသ၌ အစ္စရေး၏တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းသေဆုံးသူဦးရေ ၆၅၀၀၀ ကျော်ရှိလာ



စက်တင်ဘာ ၁၈

ဂါဇာကမ်းမြောင်ဒေသတွင် ၂၀၂၃ ခုနှစ် အောက်တိုဘာလက စတင်ကာ အစ္စရေးတပ်မတော်၏ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းသေဆုံးသူဦးရေ ၆၅၀၀၀ ကျော်ရှိလာကြောင်း ဂါဇာအခြေစိုက်ကျန်းမာရေးအာဏာပိုင်များက ယမန်နေ့ကဖော်ပြထားသည်။

လွန်ခဲ့သော ၂၄ နာရီအတွင်း  ၉၈ ဦးသေဆုံးပြီး ၃၈၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရာ ဒဏ်ရာရရှိသူများကို ဂါဇာဒေသရှိဆေးရုံအသီးသီးသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

၂၀၂၃ ခုနှစ် ပဋိပက္ခဖြစ်ပွားပြီးနောက်ပိုင်း ပါလက်စတိုင်းသေဆုံးသူပေါင်း ၆၅၀၆၂ ဦး ရှိပြီး ၁၆၅၆၉၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းတို့ကပြောကြားသည်။

လွန်ခဲ့သည့် ၂၄ နာရီအတွင်း  အစာရေစာ ငတ်မွတ်မှုနှင့် အာဟာရချို့တဲ့မှုကြောင့် လေးဦးသေဆုံးခဲ့ရာ ကလေးငယ် ၁၄၆ ဦးအပါအဝင် အစာပြတ်လပ်မှုနှင့် ဆက်စပ်သည့် သေဆုံးသူဦးရေမှာ ၄၃၂ ဦးအထိ ရှိလာကြောင်း ၎င်းတို့က ထပ်လောင်းပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.