ထိုင်းနိုင်ငံ၌ လေထုညစ်ညမ်းမှုထိန်းချုပ်ရေးဇုန်များ သတ်မှတ်



ဗန်ကောက် စက်တင်ဘာ ၁၁

ထိုင်းနိုင်ငံတွင် လေထုညစ်ညမ်းမှုထိန်းချုပ်ရေးဇုန်များကို မြို့တော် ဗန်ကောက်နှင့် နိုင်ငံ မြောက်ပိုင်းရှိ  ပြည်နယ်လေးခုတွင် တရားဝင်သတ်မှတ်ခဲ့ကြောင်း သိရသည်။

၎င်းဆောင်ရွက်ချက်သည် လေထုညစ်ညမ်းမှုမြင့်တက်လာခြင်းကို   ထိန်းချုပ်ရန် ကြိုးပမ်းမှု၏    တစ်စိတ်တစ်ဒေသဖြစ်ကြောင်း    တာဝန်ရှိသူများက ပြောကြားသည်။

ဒုတိယဝန်ကြီးချုပ် ပရာဆက် ဂျန်တာရာရောင်တောင်နှင့် ဗန်ကောက်မြို့တော်ဝန် ချတ်ချက်ဆီ တီပန်တို့    တက်ရောက်သည့် အမျိုးသားသဘာဝပတ်ဝန်းကျင် ဘုတ်အဖွဲ့ အစည်းအဝေးတွင်  ဗန်ကောက်၊ ချင်းမိုင်၊ ချင်းရိုင်၊ လန်ဖန်နှင့်မဲဟောင်ဆောင်ဒေသများအား လေထုညစ်ညမ်းမှု ထိန်းချုပ်ရေးဇုန်များအဖြစ်    သတ်မှတ်ကြောင်း   ကြေညာခဲ့သည်။ ယခုဆောင်ရွက်ချက်သည် ဆောင်းရာသီနှင့်ခြောက်သွေ့သည့် ရာသီများတွင် မီးခိုးမြူငွေ့များ ကျဆင်းမှုကြောင့် ဖြစ်လာသည့် လေထုညစ်ညမ်းမှုကို  ထိန်းချုပ်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ် ကြောင်း  တာဝန်ရှိသူများက ပြော ကြားသည်။ ထိုင်းနိုင်ငံမြောက်ပိုင်းတွင်  တောမီးလောင်ကျွမ်းခြင်းနှင့်  ကားများမှ ထွက်ရှိသည့် အခိုးအငွေ့များကြောင့် ဒေသခံများကျန်းမာရေးထိခိုက်ကြောင်း သိရသည်။ 

ယခုကဲ့သို့ လေထုညစ်ညမ်းမှုထိန်းချုပ်ရေးဇုန်များသတ်မှတ်ခြင်းအပြင် တာဝန်ရှိသူများကိုလည်း လေထုညစ်ညမ်းမှုထိန်းချုပ်ရေးအတွက်  လိုအပ်သလိုဆောင်ရွက်နိုင်ရန် လုပ်ပိုင်ခွင့်များ ပေးအပ် သည်။ 

ကိုးကား-ဗွီအင်န်အိတ်ပရက်စ်

ဘာသာပြန်-စိုးသူရ

No comments

Powered by Blogger.