ပေါက်ခေါင်းမြို့နယ်၌ ငှက်ဖျားရောဂါကူးစက်မှု ပပျောက်ရေး ကွင်းဆင်းဆောင်ရွက်
ပေါက်ခေါင်း စက်တင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ် ပဇင်ကျယ်ကျေးရွာ၌ ယမန်နေ့နံနက်ပိုင်းက ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ငှက်ဖျားရောဂါ ကူးစက်မှုပပျောက်ရေး၊ ကပ်ရောဂါအသွင် မဖြစ်ပွားစေရေး၊ လူ-လူချင်း ခြင်ကိုက်ရာမှတစ်ဆင့် ကူးစက်မှု မရှိစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာ ရေးဦးစီးဌာန၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ပေါက်ခေါင်းမြို့နယ် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်မျိုးမြတ် ဦးဆောင်၍ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးဌာနနှင့် ဓမ္မသော်ကျေးလက်ကျန်းမာရေး ဌာနတို့မှ ဝန်ထမ်းများက ပဇင်ကျယ်ကျေးရွာတွင် ငှက်ဖျားရောဂါ ကူးစက်မှုပပျောက်ရေး၊ ကပ်ရောဂါအသွင် မဖြစ်စေရေး၊ လူ-လူချင်း ခြင်ကိုက်ရာမှတစ်ဆင့် ကူးစက်မှုမရှိစေရေးအတွက် ကျန်းမာရေးအသိ ပညာပေးဟောပြောခြင်း၊ ငှက်ဖျား သွေးဖောက်စစ်ဆေးပေးခြင်း၊ ထိရောက်သောကုသမှုပေးခြင်း၊ တာရှည်ခံဆေးစိမ်ခြင်ထောင်များ ဖြန့်ဝေပေးခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဖုန်းကျော်ဇင်(ပြန်/ဆက်)
No comments