နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) စာရေးဝန်ထမ်းကြီးကြပ်သင်တန်း အမှတ်စဉ်(၉၈) သင်တန်းဆင်းပွဲကျင်းပ
ရန်ကုန် စက်တင်ဘာ ၁၀
စာရေးဝန်ထမ်းကြီးကြပ်သင်တန်း အမှတ်စဉ်(၉၈)၏
သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်
(အောက်မြန်မာပြည်)ရှိ အုန်းတောခန်းမ၌ ကျင်းပရာ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)ပါမောက္ခချုပ်၊
ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပါမောက္ခ(ပညာဌာနမှူး)များ၊ ဆရာ ဆရာမများ၊
ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ သင်တန်းသား သင်တန်းသူများနှင့် တာဝန်ရှိသူများ
တက်ရောက်ကြသည်။
အခမ်းအနားတွင် ပါမောက္ခချုပ်က သင်တန်းသားစံပြဆု၊
သင်တန်းသူစံပြဆု၊ စာပေထူးချွန်ဆု၊
သေနတ်ပစ်ထူးချွန်ဆု၊ စစ်ရေးပြထူးချွန်ဆုရရှိသူများနှင့် သင်တန်းဆင်း အောင်လက်မှတ်များ
ပေးအပ်ချီးမြှင့်ပြီး သင်တန်းဆင်း အမှာစကားပြောကြားသည်။
ဖွင့်လှစ်
အဆိုပါသင်တန်းသို့ ဝန်ကြီးဌာနများနှင့်
အဖွဲ့အစည်းများမှ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၇၄ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ
ဇွန် ၃၀ မှ စက်တင်ဘာ ၁၀ ရက်အထိ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments