အင်ဒိုနီးရှားနိုင်ငံရှိ ကျေးရွာသမဝါယမ အသင်းများအား ထောက်ပံ့ငွေပေးမည်
ဂျကာတာ စက်တင်ဘာ ၂၁
အင်ဒိုနီးရှားအစိုးရသည် ယခုနှစ်အတွင်း
ကျေးရွာသမဝါယမ အသင်း ၂၀၀၀၀ ကို ထောက်ပံ့ငွေပေး မည်ဖြစ်ကြောင်း သမဝါယမဝန်ကြီး ဖယ်ရီ
ဂျူလီယန်တိုနိုက ပြောကြားသည်။
နိုင်ငံအတွင်းဇူလိုင်လက ကျေးရွာသမဝါယမအသင်း
၈၀၀၀၀ ကို တည်ထောင်ခဲ့ကာ နိုင်ငံသားများ ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ဆောင်ရွက်ပေးခဲ့သည်။
သမဝါယမအသင်းတစ်ခုချင်းအတွက် မတည်ငွေရူပီးယား ၃ ဘီလီယံကို ပေးအပ်ကာ ယင်းမတည် ငွေသည် သမဝါယမအသင်းများအတွက် သိုလှောင်ရုံများတည်ထောင်ခြင်း၊
ထရပ်ကားဝယ်ယူ ခြင်းနှင့် အခြေခံအဆောက်အအုံကဏ္ဍတွင်
ရင်းနှီးမြှုပ်နှံမှုပြုရန်ဖြစ်ကြောင်း သိရသည်။
အစိုးရသည် လက်ရှိအချိန်တွင်
သမဝါယမအသင်းများအတွက် မတည်ငွေများပေးအပ်နိုင်ရန်အတွက် စည်းမျဉ်းများရေးဆွဲနေကြောင်း
၎င်းက ပြောကြားသည်။
လက်ရှိအချိန်တွင် မတည်ငွေများရရှိရန်အတွက်
သမဝါယမအသင်း ၁၀၆၄ ခုက နိုင်ငံပိုင်ဘဏ်သို့ အဆိုပြုလွှာများတင်ခဲ့ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ
No comments