ချင်းပြည်နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် အသုံးပြုနည်းသင်တန်းဖွင့်
ဟားခါး စက်တင်ဘာ ၁၁
မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)
ကိုင်တွယ်အသုံးပြုနည်းသင်တန်းကို ယနေ့နံနက် ၉ နာရီခွဲက ဟားခါးခရိုင်စုပေါင်းရုံးရှိ
ချယ်ရီခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်၊ လုံခြုံရေးနှင့်
နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ သယံဇာတရေးရာဝန်ကြီး ဦးကောလ်လျန်ထန်း၊
ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင်၊
ခေတ္တပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဆွေ၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ
ဦးဇာထန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ဗဟိုအဆင့်နည်းပြများ၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲ
ကော်မရှင်အဖွဲ့ခွဲဝင်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ
ဝုန်ဆွန်းထန်က ယခုကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲတွင် MEVM စက်ကို အသုံးပြု၍ ဆန္ဒမဲပေးရမည်ဖြစ်ကြောင်း၊
စက်နှင့်မဲပေးခြင်းနှင့်ပတ်သက်၍ နည်းပြဆရာဖြစ် သင်တန်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ
ဗဟိုနည်းပြအဖွဲ့ဝင်များ ဦးဆောင်၍ သင်တန်းပို့ချပြီးဖြစ်ပြီး လွယ်ကူရှင်းလင်းပါကြောင်း၊
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ နည်းပြအဖွဲ့များကိုယ်တိုင် သင်တန်းပို့ချသည့်အချိန်တွင် သင်တန်း တက်ရောက်ကြသူများအနေဖြင့်
သေချာမှတ်သားပြီး နားမလည်သည့်အချက်များရှိပါက မေးမြန်းကြ စေလိုကြောင်းနှင့် “အများယုံကြည်လက်ခံသည့်
ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့ ” ဟူသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏
ဆောင်ပုဒ်အတိုင်း လွတ်လပ်၍ တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိသည့် ရွေးကောက်ပွဲကြီး
အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံ့ဝန်ထမ်း ပီသစွာဖြင့် ကျရာကဏ္ဍမှ တာဝန်ကျေပွန်စွာ
ဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲ
ကော်မရှင်၊ ဗဟိုအဆင့်နည်းပြ ဦးကိုကိုမောင်က မြန်မာအီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုနည်းနှင့်
လက်တွေ့စမ်းသပ်မဲပေးခြင်း နည်းလမ်းများ
သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments