တိုကျိုမြို့တွင် ရာသီဉတုဆိုးရွားမှုကြောင့် ရပ်ဆိုင်းထားသောလေကြောင်းခရီးစဉ်များ ပြန်လည်စတင်



စက်တင်ဘာ ၁၂

 

ဂျပန်နိုင်ငံ တိုကျိုမြို့ ဟာနေဒါလေဆိပ်တွင် ယမန်နေ့က မိုးကြိုးပစ်မှုဖြစ်ပွားခဲ့သဖြင့် လေကြောင်းခရီးစဉ်များအားလုံး ယာယီရပ်ဆိုင်းထားသည်ဟု သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ပြောကြားသည်။

 

 လေကြောင်းခရီးစဉ်အားလုံး ညနေ ၃ နာရီက ရပ်ဆိုင်းထားပြီး ညနေ ၄ နာရီ ၂၀ တွင် လေကြောင်းခရီးစဉ်များ ပြန်လည်စတင်ခဲ့သည်ဟု ထိုဝန်ကြီးဌာနတာဝန်ရှိသူများကဆိုသည်။

 

ညနေ လေးနာရီခန့်တွင် ပြည်တွင်းလေကြောင်းခရီးစဉ် ၂၀  ပျံသန်းမှုပယ်ဖျက်ခဲ့သည်ဟု သိရသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.