ဖိလစ်ပိုင်နိုင်ငံ၌ လာနီညာသတိပေးချက်ထုတ်ပြန်
စက်တင်ဘာ ၁၆
ဖိလစ်ပိုင်မိုးလေဝသဗျူရို
ပီအေဂျီအေအက်စ်အေက လာနီညာသတိပေးချက်ကို ယမန်နေ့ကထုတ်ပြန်ခဲ့ပြီး အောက်တိုဘာလမှ ဒီဇင်ဘာလအထိ
ပုံမှန်ထက်မိုးရွာသွန်းနိုင်ခြေ ၇၀ ရာခိုင်နှုန်းရှိပြီး ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီအထိ
ဆက်လက်တည်ရှိနေနိုင်ဖွယ်ရှိကြောင်း သိရသည်။
သမုဒ္ဒရာအပူချိန် ပုံမှန်ထက်နည်းလာပြီး
အအေးဆုံးအခြေအနေဖြစ်သော လာနီညာသည် ပိုမိုပြင်းထန်သော မိုးရွာသွန်းမှုနှင့် အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းများနှင့်
ဆက်စပ်နေသည်။ မိုးများရွာသွန်းရာမှ ရေလွှမ်းမိုးမှုများနှင့် မြေပြိုမှုများဖြစ်နိုင်ကြောင်း ပီအေဂျီအေအက်စ်အေက သတိပေးထားသည်။
အစိုးရရုံးများနှင့် ပြည်သူများအနေဖြင့်
ကြိုတင်ပြင်ဆင်ထားကြရန် ထိုအေဂျင်စီကတိုက်တွန်းထားပြီး ရာသီဥတုဖြစ်စဉ်ကို ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
တိုင်ဖွန်းမုန်တိုင်းကျရောက်လေ့ရှိသော
အနောက်ပစိဖိတ်ဒေသတွင် တည်ရှိသည့် ဖိလစ်ပိုင်နိုင်ငံသည် တစ်နှစ်လျှင်ပျမ်းမျှအားဖြင့်
အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း အကြိမ် ၂၀ ခန့် တိုက်ခတ်လျက်ရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
No comments