ဒလမြို့နယ်၌ ပန်းကြယ်သီးထိုး သင်တန်းဖွင့်လှစ်
ရန်ကုန် စက်တင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် အမျိုးသမီးရေးရာအဖွဲ့က ကြီးမှူး၍ ဖွင့်လှစ်သော ပန်းကြယ်သီးထိုး သင်တန်းဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန၌ ကျင်းပသည်။
ဦးစွာ တွံတေးခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာယမင်းဦး က အမှာစကား ပြောကြားသည်။ ဆက်လက်၍ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်နုနုထွေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြဆရာမ ဒေါ်ချိုချိုက တက်ရောက်လာသော သင်တန်းသူများအား ပန်းကြယ်သီးထိုးနည်းများကို လက်တွေ့သင်ကြား ပို့ချပေးသည်။
အဆိုပါသင်တန်းကို စက်တင်ဘာ ၁၁ ရက်မှ ၁၂ ရက်အထိ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
ခင်စန္ဒာမြင့်(ပြန်/ဆက်)
No comments